ကီရာလာပြည်နယ်တွင် ဒေသခံများသည် သူတို့နဲ့ ၁၂ နှစ်ကြာ အတူတူနေထိုင်ခဲ့ပြီး လွန်ခဲ့တဲ့လက ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ လမ်းဘေးခွေးလေး Eldho အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် အခမ်းအနားကျင်းပခဲ့ကြပါတယ်။
Eldho ဟာ ဒေသခံများနဲ့ မိသားစုသဖွယ် ချစ်ခင်ရင်းနှီးစွာ နေထိုင်ခဲ့ပြီး သူ့ကို သစ္စာရှိသော ကာကွယ်စောင့်ရှောက်သူ၊ စစ်မှန်တဲ့ မိတ်ဆွေတစ်ဦး အဖြစ်အမြဲအောက္မေ့သတိရနေကြမှာဖြစ်ပါတယ်။
သူမရှိတော့ပေမယ့်သူ့ကိုအမှတ်ရနေစေဖို့ ဒေသခံများဟာ သူ့ရဲ့ကိုယ်ပွားလေးအဖြစ် ရုပ်တုတည်ဆောက်ခဲ့ကြပြီး၊ သူတို့ရဲ့ဆုံးရှုံးမှု ဝမ်းနည်းမှုတို့အတွက် သမိုင်းတွင်ကျန်ရစ်စေရန် မှတ်တမ်းတင် ဂုဏ်ပြုခဲ့ကြပါတယ်။
ဒီအဖြစ်အပျက် ဟာ ကီရာလာဒေသခံတွေနဲ့ ခွေးလေးတို့ရဲ့နက်ရှိုင်းတဲ့ ချစ်ခင်ရင်းနှီးမှုကို ဖော်ပြနေပါတယ်။