ဂါနာချိုအတွက် တိုင်းရစ်ဂျော့ချ်နဲ့ အလိုက်ပေးကမ်းလှမ်းမှုကို မန်ယူအသင်း ငြင်းပယ်
မန်ယူအသင်းဟာ ဂါနာချိုအတွက် တိုင်းရစ်ဂျော့ချ်နဲ့ အလိုက်ပေးကမ်းလှမ်းခဲ့တဲ့ ချယ်လ်ဆီးအသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ကြောင်း သိရပါတယ်။
တိုင်းရစ်ဂျော့ချ်(၁၉ နှစ်)ဟာ ချယ်လ်ဆီးအသင်းရဲ့ အကယ်ဒမီထွက်ကစားသမားဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာ အသင်းကြီးအတွက် စတင်ကစားခွင့်ရခဲ့တဲ့ အင်္ဂလန်တောင်ပံကစားသမား ဖြစ်ပါတယ်။
အလားအလာရှိတဲ့ ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ တိုင်းရစ်ဂျော့ချ်ကို ချယ်လ်ဆီးအသင်းက အလိုက်ပေးခဲ့ပေမဲ့ မန်ယူအသင်းက ဂါနာချိုအတွက် ပြောင်းရွှေ့ကြေးကို ငွေသားသာရရှိလိုတာကြောင့် ငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ချယ်လ်ဆီးအသင်းက ငွေကြေးသုံးစွဲနိုင်ဖို့ဆိုရင် နီကိုလက်စ်ဂျက်ဆင်နဲ့ အန်ကွန်ကူတို့ကို ရောင်းထုတ်ပြီးမှသာ ဂါနာချိုကို ခေါ်ယူနိုင်ဖွယ်ရှိပါတယ်။
လက်ရှိအချိန်မှာ တိုင်းရစ်ဂျော့ချ်ကို အငှားနဲ့ ခေါ်ယူဖို့ ရိုးမားအသင်းက ကြိုးပမ်းနေကြောင်း သိရပါတယ်။