3 w - Translate

ကွမ်းယာနဲ့ ဆက်စပ်ပစ္စည်းတွေ ဈေးအဆမတန်တက်လာ
ဩဂုတ် ၂၆ - ၂ဝ၂၅
KKO(VOM)
ကွမ်းယာဆိုင်သုံးပစ္စည်းများဈေးအဆမတန်တက်လာပြီး ယခုလက်ရှိကာလမှာ ကွမ်းရွက်ဈေးနဲ့ကွမ်းစားဆေးအမျိုးမျိုးတို့ရဲ့ဈေး နှုန်းတွေဟာနှစ်ဆခန့်မြင့် တက်နေတယ်လို့ ကွမ်းယာဆိုင်လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။
ဒီလိုအခြေအနေတွေကြောင့် ဆေးမွှေးနဲ့ဆိုပါက ငါးရာဖိုးကွမ်းနှစ်ရာနဲ့ တထောင်ဖိုးဆိုပါကကွမ်းငါးရာခန့်သာရရှိတော့တယ်လို့ကွမ်းစားသုံး သူတွေက ပြောပြပါတယ်။
“ကွမ်းဈေးက ကုန်စိမ်းဈေးမှာတင် သုံးသောင်းကျော်နေတယ်။ဒါကတပိဿာဈေးပါ။ဆေးမွှေးနဲ့ငါးရာဖိုးကိုနှစ်ရာ၊တထောင်ဖိုးကိုငါးရာပါ။မိုးတွေဆက်တိုက်ရွာတဲ့အတွက်ကွမ်းခြံတွေပျက်စီးတဲ့အတွက်၊ဈေးတက်ရပါသတဲ့။သီတင်းကျွတ်ကျော်မှဈေးပြန်ငြိမ်ပါမယ်တဲ့ အဲလိုပြောပါတယ်”လို့ ကွမ်းယာဆိုင်လုပ် ငန်းအသိုင်းအ၀ိုင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
အခုလက်ရှိကာလတွင် ကွမ်းရွက်တပိဿာကို ၃၂၀၀၀ ကျပ်၊ကွမ်းသီးတစ်ပိဿာကို ၃၄၀၀၀ ကျပ်၊ကွမ်းစားဆေး 92 - တဘူးကို ၁၆၀၀၀ ကျပ်၊ဘုရင်မဆေးတဘူးကို ၁၆၀၀၀ ကျပ်နဲ့ ဆင်ကနယ်ဆေးတဘူး(ဘူးကြီး)တဘူးကိုကျပ် ၆၀၀၀၀ အထိပေါက်ဈေးရှိနေတာဖြစ်တယ်လို့ ကွမ်းယာဆိုင်လုပ်ငန်းလုပ် ကိုင်သူတွေက ပြောပါတယ်။
“ဆေးမွှေးတဘူးကိုနှစ်ဆတက်ပါတယ်။ကွမ်း ယာဆိုင်အသေးလေးတွေရပ်တည်နိုင်ဖို့မလွယ်ကူတော့ပါဘူး။ကွမ်းစားတဲ့သူတွေလည်းမ လွယ်တော့ပါဘူး။တချို့ဆိုင်ကငါးရာဖိုးကိုနှစ်ယာပေးတယ်၊အချိူ့ဆိုင်ကသုံးယာပေးပါတယ်”လို့ ကွမ်းစားသုံးသူတယောက်က ဆက်ပြီး ပြောပြပါတယ်။
ဒီလိုကွမ်းစားဆေးတွေဈေးနှုန်းအဆမတန်မြင့်တက်လာရတာဟာ အဓိကပြဿနာကတော့နယ်စပ်၀င်ပေါက်တွေကနေ ပစ္စည်းတွေမ၀င်တော့လို့ဖြစ်တယ်လို့ ကွမ်းယာဆိုင်လုပ် ငန်းလုပ်ကိုင်သူတွေနဲ့ ကုန် သည်တွေက ထပ်လောင်းပြောပြပါတယ်။
"နယ်စပ်အပေါက်တွေအကုန်ပိတ်တော့ဈေးတွေက အကုန်နှစ်ဆ၊သုံးဆတွေဖြစ်ကုန်တာပါ"လို့ ကုန်သည်တယောက်က VOM ကို ပြောပါတယ်။
စားသုံးသူရေးရာဦးစီးဌာနက ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ ကွမ်းယာစိုက်ပျိုးသူတွေအနေနဲ့ မုတ်သုံရာသီထက် ဆောင်းရာသီမှာ အမြတ်အစွန်းပိုမိုရရှိနေတယ်လို့ ဆိုပါတယ်။
ဒါအပြင်မုတ်သုံရာသီမှာကွမ်းခြံတွေပျက်စီးတတ်ပြီး ပိုးမွှားတွေက စိုက်ခင်းတွေကို ဖျက်စီးတာတွေကိုပြုလုပ်တတ်ကြလို့ ကွမ်းအထွက်နှုန်း‌လျော့တယ်လို့ သိရပါတယ်။
"မိုးရာသီကျလေပြင်းတိုက်ခတ်တာတွေရေကြီးတာပိုးမွှားဝင်ရောက်တယ်။ဒါကြောင့်လည်းကွမ်းအ ထွက်နှုန်းကျပါတယ်"လို့ ကွမ်းစိုက်တောင်သူတွေကပြောပါတယ်။
ကွမ်းပင်ဟာစိုက်ပျိုးပြီးငါးလမှ ခြောက်လအတွင်းကွမ်းရွက်ကို ဆွတ်ယူနိုင်သလိုကွမ်းသီးမျိုးစိတ်ပေါ်မူတည်ပြီးတော့ သုံးနှစ်မှငါးနှစ်အထိရိတ်သိမ်းနိုင်တယ်လို့လည်းကွမ်းစိုက်တောင်သူတွေက ဆိုပါတယ်။
အဲဒါအပြင်ကွမ်းယာစိုက်ပျိုးခြင်းဟာအသေးစားတောင်သူလယ်သ မားတွေအတွက်လုပ်အားနဲ့ ၀င်ငွေရစေမယ့်လုပ်ငန်းတခုဖြစ်တယ်လို့လည်း သိရှိရပါတယ်။
Photo - Google

image