ရန်ကုန် - မန္တလေး လမ်းဟောင်းပေါ်ရှိ ပင်လောင်းလမ်းဆုံရေကျော်နေ
ယမန်နေ့ညက မိုးသည်းထန်စွာရွာမှုကြောင့် ရန်ကုန် - မန္တ လေး လမ်းဟောင်းပေါ်ရှိ နေပြည်တော် - ပင်လောင်းလမ်းဆုံတွင် ရေကျော်နေကြောင်း သိရသည်။
လက်ရှိ၌ ရေမကျသေးသလို ရေစီးသန်နေသည့်အတွက်အောက်ပိုင်းနိမ့်သော ကားများ၊ ဆိုင်ကယ်များ ဖြတ်သန်းမရသေးသော်လည်း စိုးရိမ်စရာမရှိသေးဘဲ မိုးအခြေအနေကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်ကြောင်းလည်း သိရသည်။
ကယ်ဆယ်ရေး အဖွဲ့များကလည်း ကူညီစောင့်ကြည့်ပေးနေသလို ယမန်နေ့က ရွာသွန်းခဲ့သည့် မိုးကြောင့် ငလိုက်ချောင်း၊ ဆင်သေချောင်း၊ ပေါင်းလောင်မြစ်တို့တွင်လည်း ရေတိုးနေသဖြင့် စောင့်ကြည့်နေကြရကြောင်းလည်း သိရသည်။
ဓာတ်ပုံ - ကရုဏာရှင်လူမှုကူညီရေး ပရဟိတအသင်း

