12 ပတ် - ဘာသာပြန်ပါ။

နေပြည်တော် ဇေယျာသီရိ ပင်လောင်းလမ်းဆုံမှာ ရေကြီးရေလျှံမှု ဖြစ်ပွား
နေပြည်တော် ဇေယျာသီရီမြို့ ပင်လောင်းလမ်းဆုံ ကားလမ်းမပေါ်မှာ မိုးများပြီး ‌ရေကြီးရေလျှံမှုဖြစ်ပေါ်နေတယ် လို့ ဒေသခံတွေဆီသိရပါတယ်။
“ညပိုင်းနဲ့မနက်ပိုင်းက မိုးများလို့ ဖြစ်တာပါ ရေကပြန်ကျနိုင်တယ် ဒါပေ့မယ် မိုးထပ်ရွာလာရင်တော့ ဂရုစိုက်ရမယ် အခုထိတော့ စိုးရိမ်စရာတော့မရှိသေးပါဘူး" လို့ ဒေသခံတစ်ဦး ကပြောသည်။
ယနေ့ ဩဂုတ်(၂၅)ရက်နေ့မနက်ပိုင်းက စတင်ဖြစ်ပွားခဲ့ပြီးတော့ ကုန်တင်ကားသွားလာမှုတွေ ပိတ်ဆို့မှုလည်း ဖြစ်ပွားခဲ့တယ် လို့ သိရပါတယ်။
ထိုပြင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဇေယျာသီရိမြို့နယ် အိုင်စောက်ကျေးရွာအတွင်း ရေဝင်ရောက်နေပြီးဖြစ်ကြောင်းလည်း သိရသည်။

image