အဖွားပြောပြဖူးတယ်...ရှေးခေတ်က အမျိုးသမီးတွေက ဒီနေ့ခေတ်လို ရေမွှေးမသုံးကြဘူး။ ကိုယ်သင်းရနံ့မွှေးစေတဲ့ သူတို့ရဲ့လျှို့ဝှက်ချက်က အိမ်နားတဝိုက်မှာ🌸🌼🌷🌹💐🌻🍀 ပန်းပင်တွေစိုက်ထားကြတာပါပဲ
အဖွားရဲ့အဖွားက နှင်းဆီပွင့်ဖူး၊ စံပယ်ပန်း၊ သံလွင်​​ရေမွှေးပန်း ဆွမ်းမွှေးရွက်တွေကို ခူးပြီး နေပူထဲမှာ အခြောက်ခံလှန်းပြီး ရေနွေး​ကြမ်းထဲထည့်သောက် လေ့ရှိကြတယ် အဲ့ခါကျရင် မွှေးရနံ့က မီးဖိုခန်းတစ်ခုလုံး🌸🌼🍃 မွှေးပျံ့နေတာပဲတဲ့
အဖွားလည်း ဒီလိုပဲ လိုက်လုပ်ဖြစ်တယ်
ဖန်ခွက်တစ်ခုထဲကို ရေနွေးပူပူထည့်🌹🌷🌸🥀 ပန်းပွင့်ခြောက်ထည့် လက်ဖက်ရည်ကြမ်းသောက်သကဲ့သို့ နွေးနွေးလေးနဲ့ ဖြည်းဖြည်းချင်း သောက်တယ် မွှေးကြိုင်တဲ့ ရနံ့လေးက🌬🍃 စိတ်ကို လန်းဆန်းစေရုံသာမကဘဲ ကိုယ်အတွင်းထဲကပါ မွှေးစေပါတယ်။ နှစ်တွေကြာလာတာနဲ့အမျှ အသက်ကြီးလာတာနဲ့အမျှ အသက်ကြီးလာတဲ့အနံ့ကို မခံစားရတော့ဘူး အဲဒီ ပန်းတွေရဲ့ ရနံ့သင်းသင်းလေးနဲ့ ကိုယ်မှာကပ်ဆွဲတယ်တဲ့
မနက်ခင်းမှာ နွေးနွေးလေး သောက်တာက ပန်းဥယျာဉ်ထဲမှာ နေ့တစ်နေ့ကို စတင်သလိုမျိုး လန်းဆန်းတက်စေသလို ⛅💦🌸🌼🥀🍃🌷🌹🌻🍀🌿🌺
အိပ်ရာမဝင်ခင်မှာ🌜⭐⭐ သောက်တာကစိတ်ကို အေးချမ်းစေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ကူညီပေးပါတယ်။ နိုးလာတော့ ပေါ့ပါးပြီး🌸🌸🍃 မွှေးကြိုင်သလို ခံစားရတယ်။
အဖွားက အမြဲပါသေးတယ်
"စစ်မှန်တဲ့ကိုယ်သင်းရနံ့က အပြင်ဘက်တွင် ဖြန်း
လိမ်း ပေးရုံနဲ့မရဘူး အတွင်းပိုင်းကနေ🍃🥀 မွှေးနေအောင် ဂရုစိုက်ရတာတဲ့

image