တကယ်တမ်း Short Movie အနေနဲ့ ထွက်ရှိထားတာဖြစ်ပြီး ၈ မိနစ်စာပဲ ရှိပေမယ့် တစ်ခြား Animation Cartoon ရုပ်ရှင်တွေရဲ့ Short Movie တွေလို မဟုတ်ပဲ ကြည့်ရတာ စိတ်ထဲ ပျော်ရွှင်မှုလေး တကယ်ရပါတယ်
Elsa နဲ့ Kristoff တို့ ရဲ့ Anna အတွက် စိတ်လှုပ်ရှားဖွယ် မွေးနေ့အစီအစဉ်လေး ပြုလုပ်ပုံလေးက အရမ်းကို ချစ်စရာကောင်းနေပါတယ်.. ဒီအပိုင်းတိုလေးအတွင်းမှာ အန်နာ နဲ့ အလ်ဆာ တို့ ရဲ့ ဝတ်စုံဒီဇိုင်းကို သတိထားကြည့်ပါ အတော်လေးကို ထူးခြား လှပနေပါတယ်… အိပ်ပျော်နေတဲ့ အန်နာ ကို အလ်ဆာ က သွားနှိုးလာပြီး အဝတ်အနီစကြိုးလေး တစ်ကြိုးကို ဆွဲခိုင်းကာ တောက်လျှောက် လက်ဆောင်လေးတွေ တစ်ခုပြီး တစ်ခုပေးပါတယ် အဲ့ဒီ လမ်းတစ်လျှောက်လဲ အအေးမိနေတဲ့ အလ်ဆာ တစ်ယောက် တစ်ခါ နှာချေလိုက်တိုင်း တစ်ခါ နှင်းကောင်ပေါက်စ လေးတွေ ၂ ကောင် ၃ ကောင် ၅ ကောင်ဆီ မသိမသာ ထွက်ကျလာပါတယ်…အန်နာ ရဲ့ မွေးနေ့ ပါတီ အခန်းအနား ထဲသို့ ထိုကောင်လေးများ ရောက်ရှိသွားပြီး မွေးနေ့ ပါတီပြင်ဆင်နေတဲ့ Kristoff တို့ အဖွဲ့ကို သွားနှောက်ယှက်ပါတယ်… အအေးမိပြီး ဖျားနေတဲ့ အလ်ဆာ တစ်ယောက် အန်နာကို ပျော်ရွှင်ဖွယ် မွေးနေ့ ဖန်တီးပေးနိုင်ခဲ့မလား ရေခဲကောင်ပေါက် လေးတွေကပဲ မွေးနေ့ပွဲကို ဖျက်စီးပြစ်မလားဆိုတာ ကျနော်တို့ ၈ မိနစ်စာပဲ ရှိတဲ့ Frozen Fever ဆိုတဲ့ Short Movie လေးမှာ ကြည့်လိုက်ရအောင်…
