2 w - Translate

ရေခဲပြင်တွေ ဖုံးလွှမ်းနေတဲ့ သမုဒ္ဒရာကြီးရဲ့ ‌အောက်ခြေအနက်ထဲမှာ နှစ်ပေါင်း ၄၀၀နီးပါး သက်တမ်းရှိပြီဖြစ်တဲ့ Greenland Shark တစ်ကောင်အား အသက်ရှင်လျက်တွေ့ရှိခဲ့။😲🦈
Greenland Shark တွေဟာ ဟိုးနှစ်ပေါင်းများစွာကာလတွေကတည်းက သမုဒ္ဒရာထဲမှာ နေထိုင်ကျက်စားခဲ့ကြတယ်လို့ ပညာရှင်တွေက ပြောပြထားခဲ့ပြီး တွေ့မြင်ရခဲတဲ့ မျိုးစိပ်တစ်ခုဖြစ်တယ်လို့လည်း ဆိုပါတယ်။ယခုအခါမှာတော့ ရှားပါး မျိုးစိပ်ဖြစ်တဲ့ Greenland Shark အမ တစ်ကောင်ကို ရေခဲပြင်တွေဖုံးလွှမ်းနေတဲ့ မြောက်အတ္တလန္တိတ်သမုဒ္ဒရာရဲ့ အောက်ခြေအနက်ကြီးထဲမှာ ပြန်လည်တွေ့မြင်ခဲ့ရပြီပဲဖြစ်ပါတယ်။စစ်တမ်းတွေအရ ထို Greenland Shark အမဟာ နှစ်ပေါင်း ၄၀၀ နီးပါးသက်တမ်းရှိပြီဖြစ်တယ်လို့ ယူဆခဲ့ကြပြီး သမိုင်းဝင် Greenland Shark တစ်ကောင်ကို ခုလို အသက်ရှင်လျက်ရှိလျက် တွေ့မြင်ခွင့်ရခဲ့ကြတာပဲဖြစ်ပါတယ်။
Greenland Shark အမလေးက ကုန်းပေါ်မှာ လူတွေ၊ နယ်မြေတွေ၊ ခုနှစ်တွေ အမျိုးမျိုးပြောင်းလဲသွားလည်း ယနေ့တိုင် သမုဒ္ဒရာ ရေအနက်ကြီးထဲမှာ တစ်ကောင်တည်း ကူးခ-တ်ပျော်မွေ့ရင်း တိတ်ဆိတ်ငြိမ်းအေးစွာ ရှင်သန်ကျက်စားနေစဲပဲဖြစ်ပါတယ်။
ထို Greenland Shark ငါးမန်း မျိုးစိပ်တွေဟာ ကမ္ဘာပေါ်မှာ သက်တမ်းအရှည်ဆုံး ကျောရိုးရှိသတ္တဝါတွေဖြစ်ကြပြီး သူတို့ရဲ့သက်တမ်းဟာ ရာစုနှစ်ပေါင်းများစွာ ကြာမြင့်တည်မြဲတယ်လို့လည်း ပညာရှင်‌တွေက ဆိုပါတယ်။
ခုဆိုရင်တော့ သမိုင်းဝင် ရှားပါးမျိုးစိပ်ဖြစ်တဲ့ Greenland Shark အမလေးဟာ ခေတ်ကာလတွေပြောင်းလဲသွားပုံ၊ လူတွေနဲ့ အချိန်ရာသီစက်ဝန်းတွေ ပြောင်းလဲသွားပုံ၊ မိခင် ကမ္ဘာကြီးရဲ့ ပြောင်းလဲသွားပုံတွေကို ရေအောက်ထဲမှတစ်ဆင့် ငြိမ်းချမ်းစွာ အကြာကြီးရှုစားလာရင်း ရာစုနှစ် လေးခုကြာပြီးတဲ့နောက်မှာလည်း သူမကတော့ အသက်ရှင်သန်နေစဲ၊ ကမ္ဘာပေါ်မှာ အန္တရာယ်အကြီးဆုံးဖြစ်တဲ့ လူတွေရဲ့အဝေး သမုဒ္ဒရာ ရေအောက်ကြမ်းပြင်အနက်ထဲမှာ ဆက်လက် ကူးခ-တ်နေစဲပဲဖြစ်ပါတယ်နော်။🥰🦈

image