"ကြက်ဥပူတင်း လုပ်နည်း" ပါဝင်ပစ္စည်းနည်းနည်းလေးနဲ့ လုပ်ရလွယ်ကူပြီး အရသာရှိတဲ့ ကြက်ဥပူတင်း အချိုပွဲလေး။
#သကြားနှစ်အတွက်ပါဝင်ပစ္စည်းများ.....
* သကြား - စားပွဲတင်ဇွန်း ၅ ဇွန်း
* ရေ - စားပွဲတင်ဇွန်း ၂ ဇွန်း
#ပူတင်းမုန့်နှစ်အတွက်ပါဝင်ပစ္စည်းများ......
* ကြက်ဥ - ၇ လုံး
* နို့ဆီ - ၁ ဗူး (၃၈၀ ဂရမ်)
* နို့စိမ်း - ၂၀၀ မီလီလီတာ
* သကြား - စားပွဲတင်ဇွန်း ၁ ဇွန်း
* ဆား - လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း
#ပြုလုပ်နည်း.........
၁။ သကြားနှစ်ပြုလုပ်ခြင်း
* ဒယ်အိုးထဲသို့ သကြားနှင့် ရေထည့်ပြီး အပူပေးပါ။ အပူ
နည်းနည်းဖြင့် ရွှေရောင်သန်းလာသည်အထိ မွှေပေးပါ။
* ထို့နောက် ရွှေရောင်သန်းနေသော သကြားနှစ်ကို ပူတင်း
ထည့်မည့် ခွက်ထဲသို့ထည့်ပြီး အအေးခံထားပါ။
၂။ ပူတင်းအနှစ်ပြုလုပ်ခြင်း
* ဇလုံထဲသို့ ကြက်ဥ၊ ဆား၊ သကြား၊ နို့စိမ်းနှင့် နို့ဆီတို့ကို
ထည့်ပြီး သမအောင် မွှေပေးပါ။
* အနှစ်များ ညက်လာအောင် ဆန်ခါဖြင့် စစ်ပြီး သကြားနှစ်
ထည့်ထားသော ခွက်ထဲသို့ လောင်းထည့်ပါ။
၃။ ပူတင်းပေါင်းခြင်း
* အိုးထဲတွင် ရေကို ဆူအောင်တည်ပြီး အပူချိန် အလယ်အ
လတ်ဖြင့် ပူတင်းခွက်ကို ၄၅ မီးနစ် ခန့် ပေါင်းပေးပါ။
၄။ ပြင်ဆင်ခြင်း
* ပူတင်းကျက်ပြီဆိုပါက မီးဖိုပေါ်မှချပြီး ဓားဖြင့် ပူတင်း
ဘေးသားများကို ညင်သာစွာ ခွာပေးပါ။
* ပူတင်းခွက်ကို ပန်းကန်ပြားပေါ်သို့ မှောက်ချပြီး နှစ်သက်
သလို လှီးဖြတ်ကာ သုံးဆောင်နိုင်ပါသည်။
ချိုမွှေးတဲ့ အရသာနဲ့ မွှေးပျံ့နေတဲ့ သကြားနှစ်ပူတင်းလေးကို အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။
