အချစ်ဦး......
အချစ်ဦးလို့ ရေရွတ်ကြည့်လိုက်တိုင်း
ရင်ထဲမှာ လှပ်ခနဲ့ သိမ့်ခနဲ့ ဖြစ်တယ်မလား
နောက်တော့ ...
သူ့ပုံရိပ် ဟန်ပန်တွေကို မြင်ယောင်မိမှာ
အမှတ်တရလေးတွေလည်း ပုံဖော်ကြည့်တာပဲ
ကိုယ်တိုင်လည်းချစ်ခဲ့ဖူးကြမှာပေါ့
မညာပါနဲ့....
တစ်ကြိမ်တော့ အနဲဆုံးချစ်ဖူးတယ်မလား
ပြီးတော့... ပထမဆုံးဆိုပြီး နေရာပေးခဲ့ကြတာပဲ
ငယ်ကချစ်ခဲ့ရင် ငယ်ချစ်ဦး...အချစ်ဦး ..
...
...
ဘယ်လောက်တောင် ကြည်နူးဖို့ကောင်းလဲ
ဆယ်ကျော်သက်စိတ်လေးနဲ့ ရင်ခုန်ခဲ့ရတာ
အချစ်ခရီးဆိုတာ ဖြောင့်ဖြူးရိုးထုံးစံ မရှိဘူးမလား
အချစ်ဦး... ဆိုတဲ့ နေရာလေးကို
နေရာလေးတစ်ခုမှာ အသေအချာ
ထားခဲ့ရတဲ့ သူတွေ
အချစ်ဦးနဲ့ပဲ မြေးတွေ မြစ်တွေနဲ့
ရန်ဖြစ်ပြန်ချစ် ရင်းနဲ့ ဆံဖြူ သွားကျိုးထိ
လက်တွဲ လာတဲ့သူတွေ
အခြေနေတွေ မတူလည်း
ဒီနာမ်စားလေး ကို
အိပ်မက်ထဲထိ ခေါ်လာခဲ့ကြတုန်းပဲမလား
ပုမ်ခန့်နွမ်မှာလည်း မာန် က နေရာယူခဲ့တယ်
မာန်သဲ နဲ့ နွမ်သဲဆိုပြီး ငယ်ချစ်လေးတွေ
ချစ်စရာကောင်းတဲ့ ချင်း ဓလေ့ တွေ နဲ့
တောင်တန်းတွေပေါ် ရောက်မယ်
တောင်ဇလပ်ပန်းတွေ ခူးမယ်
ငါးလေးတွေ ဖမ်းကြမယ်
ဘဝမှာ ကိုယ်ချစ်ရတဲ့သူတွေနဲ့ နေရရင်
မောတော့မောတယ် ဒါပေမဲ့ မမောနိုင်ပ့ဘူးလေ
ပစ္စုပန်မှာ ...ရှုခင်းတွေပဲမြင်မြင်
ချမ်းအေးလို့ မီးပဲလှုံလှုံ
မနက်ခင်း အိပ်ယာထလို့ သွားပဲ တိုက်နေနေ
အတိတ်က ပုံရိပ်တွေတော့ နွမ်သဲ လိုမျိုး
အောက်မေ့မိကြတယ်မလား
ပြန်တွေ့လာတဲ့အခါ
ချစ်ခြင်းအစ မျက်ဝန်းက
မျက်ဝန်းတွေနဲ့ စကားပြောကြမယ်
အကြည့်တွေစုံတဲ့အခါ ရင်ထဲ နွေးသွားမယ်..
အချစ်ဦး ကိုလည်း လွမ်းရင်း
ချင်းတောင်တန်း ၊ချင်းပြည်ရဲ့ အငွေ့ အသက်
ချင်းယောကျာ်းပျို ၊ မိန်းမပျိုလေးရဲ့
ရိုးရာယဥ်ကျေးမှုတွေ
ချင်းလူမျိုးတွေရဲ့ အခေါ်ဝေါ်လေးတွေကိုလည်း
ထိတွေ့ ခံစားရင်းနဲ့........
ချင်း သံဇဥ်လေးတွေ ..
နားထဲ ကြားယောင်ကြည့်ရအောင်လေ
တောင်ပေါ်ခေါင်ရည် ချိုမြမြ 🎶🎶
တစ်ကျိုက်လောက်သောက်ရင်အမောပြေ🎶🎶
ဒါဟာလည်း ချင်းပြည်ရဲ့ ဓလေ့တစ်ခုပါ... 🎶🎶
Review- Ahmon
(ခွင့်ပြုချက်ယူပြီး)
-------------------------------
စာအုပ်တန်ဖိုး-9500ကျပ်
စာအုပ်ကို သဘောကျဖတ်ရှုလို၍မှာယူလိုပါက
Page cbတွင် ဆက်သွယ် မှာယူနိုင်ပါတယ်🖤📖
#တောင်တန်းတွေရဲ့အလွန်
#ပုညခင်
#bookreview
