2 ပတ် - ဘာသာပြန်ပါ။ - Facebook

ဖတ်ညွှန်းပြိုင်ပွဲ By Wun Zin 📚

စာဖတ်ပရိသတ်များအားလုံး မင်္ဂလာပါရှင့် ။

စာဖတ်သန်တဲ့ သူငယ်ချင်းတို့ အားလုံး လက်မလွှတ်သင့်တဲ့ ပေါ့ပေါ့ပါးပါး ပွဲလေး တစ်ခုအကြောင်း လက်တို့ချင်လို့ Bookie ဒီစာလေးကို ရေးလိုက်ပါတယ်နော် 💗။

Wun Zin ဆိုတဲ့ Myanmar Ebook store လေးနဲ့တော့ ဒီက စာဖတ်သူတို့ အားလုံး ရင်းနှီးကြမယ်လို့ ထင်ပါတယ်နော် ။ ဒီမှာဆိုရင် သုတရသ စာအုပ်အစုံကို စျေးနှုန်းသက်သာစွာနဲ့ ဝယ်ယူ၊ ငှါးရမ်း ဖတ်ရှုလို့ရတဲ့ application လေးပဲဖြစ်ပါတယ်ရှင့်။

( ဒီ link လေးမှာ ထပ်ရှင်းပြထားပါတယ်ရှင့် : https://www.facebook.com/share..../p/1GyRNNvJue/?mibex )

ဒါဆို သတင်းကောင်းက?

သတင်းကောင်းဆိုတာလေးကတော့ ဒီဝန်ဇင်း နဲ့ ရေးမယ် ( Yay Ml Page ) လေးကနေ ပူးပေါင်းပြီး

"ဖတ်ညွှန်းပြိုင်ပွဲ"

ဆိုတဲ့ စာအုပ် အညွှန်းပြိုင်ပွဲ လေးပဲဖြစ်ပါတယ်ရှင့်။ ကိုယ်ဖတ်ပြီးသားထဲက မည်သည့်စာအုပ်မဆို ညွှန်းပေးလို့ရပါသည် တဲ့ ရှင်။ ပြိုင်ပွဲအကြောင်းလေး အသေးစိတ်ကို အောက်မှာ ဖော်ပြပေးထားပါတယ်ရှင့်။

📚 ပြိုင်ပွဲကာလ : ၂၀.၈.၂၀၂၅ - ၃၁.၈.၂၀၂၅

📚 Review ပို့ရန် : https://forms.gle/EETyL3A3d4PT57WY8

ရွေးချယ်မဲ့ ဆု ၊ စည်းမျဉ်းများကို လည်း တင်ထားပါပြီရှင့်။ ဒါတွေကိုတော့ အောက်က link လေးမှာ ဖတ်ရှုပေးပါနော် ။

📍ဆုလက်ဆောင် : https://m.facebook.com/story.p....hp?story_fbid=125028

📍စည်းမျဉ်းများ : https://m.facebook.com/story.p....hp?story_fbid=125275

📍ပြိုင်ပွဲ : https://www.facebook.com/share..../p/1Arhu6eSWX/?mibex

ပြိုင်ပွဲ ဆိုပေမဲ့ ယှဉ်ပြိုင်ခြင်း ဆိုတာထက် စာဖတ်သူတို့ရဲ့ ကလောင်စွမ်းတွေ၊ ခံစားချက်တွေ ၊ စေတနာတို့တွေ ပေါင်းစည်းပြီး ထွက်ပေါ် လာတဲ့ အဖိုးတန် အညွှန်းစာလေးတစ်ဆောင် တစ်စုံတစ်ယောက်ဆီ ရောက်သွားတယ် ဆိုတာလေးက အဓိပ္ပာယ် အရှိဆုံးပါပဲရှင့်။

ဒါ့ကြောင့် သူငယ်ချင်းတို့နဲ့လည်း သိပ်မစိမ်းမဲ့ ဟောဒီ "ဖတ်ညွှန်း ပြိုင်ပွဲ" လေးကို ဝင်ရောက် ပါဝင်ပြီး မြန်မာ့ စာပေလောကလေးကို လှုပ်ခတ်ဖို့ တိုက်တွန်းရင်း Bookie စာလေးကို အဆုံးသတ်ပါစေရှင့် 💗☀️

ဒါနဲ့ ဒီနေ့တင် ၂၄ ရက်နေ့ ရောက်ရှိလို့လာပါပြီနော် 😁 ရေးဖို့ ၆ ရက် အချိန်ရှိပါသေးတယ်ရှင့် ။

သာယာသောနေ့လေး တစ်နေ့ ပိုင်ဆိုင်ကြပါစေကြောင်း ☀️📚

* This is just a sharing post *

#newsfeed