9 ပတ် - ဘာသာပြန်ပါ။

သွေးတိုးသမားများစားနိုင်တဲ့
#နို့စိမ်းခေါက်ဆွဲလုပ်နည်းပါ

နို့စိမ်းနေရာမှာအုန်းနို့ကိုအစားထိုးပြီးအုန်းနို့ခေါက်ဆွဲ
လည်းလုပ်စားနိုင်ပါတယ်နော်၊
ပိတ်ရက်လေးရောက်ရင် မိသားစုတွေ လုပ်စားရအောင်
ချက်နည်းလေးကို မျှဝေလိုက်ပါတယ်

ပါဝင်ပစ္စည်း
ခေါက်ဆွဲ ၁ ပိဿာ
နို့စိမ်း ၁ ဗူး
ကြက်သား ၅၀ သား (ရင်ပုံ)
ငါးဖယ်ခြစ် ၁၀ သား
ဘဲဥ ၁၀ လုံး
မုန့်ကြွပ် ၁၅ ကျပ်သား
ပဲအစိမ်းမှုန့် ၁၀ သား
ကြက်သွန်နီ ၇၀ သား
ကြက်သွန်ဖြူ ၁ လုံး
သံပုရာသီး (သို့) ရှောက်သီး
ငံပြာရည် ကော်ဖီပန်းကန် ၃/၄ ခွက်
သကြား ကော်ဖီပန်းကန် ၃/၄ ခွက်
ငရုတ်သီးအကျက်မှုန့် ၂ ကျပ်ခွဲသား
ငရုတ်သီးအစိမ်းမှုန့် စားပွဲဇွန်း ၄ ဇွန်း
နနွင်း
ဆီ
ဆား
အသားမှုန့်

ပြုလုပ်နည်း
၁။ ကြက်သားကို လက်တစ်ဆစ်ခန့် အရွယ်တုံးပြီး ဆား၊ နနွင်း၊ အသားမှုန့်တို့နဲ့ နယ်ပြီးနှပ်ထားပါ။
၂။ ငါးဖယ်ခြစ်ကို ဆား၊ အသားမှုန့်၊ နနွင်းတို့ထည့်ကာ စေးအောင်ထောင်းပြီး လက်တစ်ဆစ်ခန့်အထူ၊ လက်တစ်ဝါးစားအရွယ်ပြားပြီး အပေါ်ယံ တင်းရုံကြော်ပြီး ညှပ်ထားပါ။
၃။ ကြက်သွန်နီ ၁၅ ကျပ်သားနဲ့ ကြက်သွန်ဖြူကို ဆီသတ်ဖို့အတွက် ညက်အောင်ပြုလုပ်ထားပါ။ ၂၅ ကျပ်သားကို ဟင်းရည်အိုးထဲ အလုံးလိုက်ထည့်ဖို့ အခွံခွာပါ။ ကျန် ၃၀ သားကို အစိမ်းစားအတွက် ပါးပါးလှီးကာ ရေဆေးပါ။
၄။ ဆီပူပူမှာ မုန့်ကြွပ်ကို ပွအောင်ကြော်ပြီး ဆီစစ်ကာ ပျော့မသွားစေရန် လေလုံအောင်ထားပါ။
၅။ ဘဲဥကို အကျက်ပြုတ်ပြီး အခွံခွာကာ ပါးပါးလှီးထားပါ။
၆။ ဆီသတ်မည့်အိုးထဲ ဆီ၅ကျပ်သားခန့် ထည့်ပြီး ဆီပူရင် ကြက်သွန်နီ/ဖြူ၊ နနွင်း၊ ငရုတ်အစိမ်းမှုန့်တို့ ထည့်ပြီး ဆီသတ်ပါ။
၇။ ကြက်သွန်များ နွမ်းရင် ငံပြာရည်ထည့်ပါ။ အနံ့မွှေးလာရင် ကြက်သားများထည့်ကာ နှံ့အောင်မွှေပြီးချက်ပါ။ ကြက်သားနူးဖို့အတွက် ရေနွေးအနည်းငယ်သာထည့်ပြီး အဖုံးအုပ်ချက်ပါ။ ကြက်သားရရင် ငါးဖယ်ကြော်များထည့်ပြီး နှံ့အောင်မွှေပါ။
၈။ ပဲမှုန့်ကို ရေ၁လီတာနဲ့ ပဲမှုန့်များ ကြေပြီးရောသွားတဲ့အထိ လက်နဲ့ ခြေကာဖျော်ပေးပါ။ ချက်မည့်အိုးကို မီးဖိုပေါ်တင်ပြီး ပဲမှုန့်ဖျော်ရည်ကို ရေ ၇ လီတာခန့် ထပ်ထည့်ကာ မီးအနေတော်နဲ့ တည်ပါ။
၉။ ဟင်းရည်အိုး တည်ထားချိန်မှာ အိုးကို ယောက်မနဲ့ အဆက်မပြတ်မွှေပေးပါ။ အိုးမကပ်စေရန်ဖြစ်ပါတယ်။
၁၀။ ပဲအစိမ်းနံ့ပျောက်ရင် ကြက်သွန်အလုံးလိုက်များ နဲ့နို့စိမ်းကို ဖောက်ထည့်ပြီး ၃ မိနစ်ခန့်မွေရင်းချက်ပါ။
၁၁။ ကြက်သားနဲ့ ငါးဖယ်ချက်ထားတာကို အိုးထဲ ရောထည့်ပါ။ ဟင်းရည် ပွက်ပွက်ဆူလာရင် အရသာအပေါ့အငံ မြည်းပါ။ အနေတော်ရင် ဘဲဥလှီးထားတာကိုပါ ထည့်လိုက်ပါ။
ဟင်းအရည် အပျစ်အကျဲ အတွက် ရေကို လိုတိုး ပိုလျော့ပြုလုပ်ပေးပါ။ မိမိနှစ်သက်ရာ အခြားအကြော်များကိုပါ ထပ်ထည့်ပြီး အရာသာရှိစွာ စားသုံးနိုင်ပါပြီရှင့်။

မေတ္တာဖြင့်မျှဝေသည်
#မိုး

image