ဓာတ်ပုံဘယ်နားရိုက်ရမှန်းမသိအောင်ဖြစ်သွားမယ့် ဒီနေ့မှအသစ်စဖွင့်တဲ့ မရမ်းကုန်းက NOAH by the Lake နေရာလှလှလေး နဲ့စားသောက်ဆိုင်🏖️💚🤍💚
ဆိုင်ကဒီနေ့မှ Soft Opening စဖွင့်တာပါ page မှာတွေ့တော့ ဓာတ်ပုံရိုက်ချင်စရာလေးတွေ မနက်အစော breakfast လည်းစားရင်းသွားမှပဲဆိုပြီး သွားလိုက်တာ 😍🫣
ဆိုင်မှာ Indoor နဲ့ Outdoor ကြိုက်တဲ့စီမှာ ထိုင်လို့ရတယ် ညနေပိုင်းဆိုရင်တော့အပြင်မှာထိုင်ဖို့လုရလောက်တယ် ကန်ရေပြင်ရဲ့နံဘေးက restaurant ဆိုတော့ သဘာဝလေကိုခံစားရင်း ထိုင်ချင်တာလေ 🫣❤️မနက်သွားတုန်းကတော့ အတွင်းထဲမှာပဲ aircon အေးအေးလေးနဲ့ ပေါ့ပေါ့ပါးပါး breakfast စားခဲ့တယ်ရှင့် ☺️
ဆိုင်ရောက်တော့ breakfast menu ပဲရသေးတဲ့အချိန်လည်းမို့လို့ တခြား menu ရွေးပြီးခေါင်းရှုပ်စရာမလိုပဲ မနက်စာပဲစားဖြစ်ခဲ့တယ်ရှင် တစ်ချို့ဟာဆို 86 ဖြစ်နေသေးတယ် ☹️
ဆိုင်မှာ မင်မင်မှာစားဖြစ်ခဲ့တာလေးတွေဆိုရင်
Shrimp and Pork Garlic Dumpling 🥟🍤 - 4500Ks
- ပုစွန်နဲ့အသားကိုထုပ်ထားလေးကကျစ်ကျစ်သိပ်သိပ်လေး အရသာအတော်ရှိတယ် အချဉ်လေးနဲ့တိုးစား တစ််ပွဲမှာ ခုနစ်ခုလောက်ပါတယ် 🤤
Crispy Spring Rolls (Shrimp) 🍤🌯 - 2500Ks
- သူကကော်ပြန့်စိမ်းကြွပ်ကြွပ်လေးနဲ့ အထဲမှာပုစွန်ရယ် အစာပလာတွေရယ်နဲ့ကိုအချဉ်လေးနဲ့တို့စားတာ ဝါးလို့လည်းကောင်းပြီး သူ့အရသာလည်းပေါ်လွင်တယ်ရှင့် 😍
Nan Gyee Thote 🍝 - 4000Ks
- နန်းကြီးသုပ်ကတော့ အဲ့ရောက်ရင်စားကြည့်သင့်သောနော် စားကြည့်ပြီး အချင်းချင်းတော်တော်ကောင်းတယ်ပြောမိတဲ့အထိပဲ ပဲမှုန့်များသလိုပျစ်ပျစ်ကြီးလဲမဖြစ်ပဲ ရွှဲတဲတဲလည်းမဖြစ်ပဲ ထပ်ထပ်စားချင်အောင်အရသာရှိနေတာ🥰
Fresh Tomato Duck Noodle 🍝 - 4500Ks
- ခရမ်းချဉ်သီးဘဲသားခေါက်ဆွဲဆိုတော့ အဆန်းပြားလေးစားကြည့်တာ မဆိုးဘူး ရှမ်းခေါက်ဆွဲပုံစံမျိုးလေးပဲ ခရမ်းချဉ်သီးဘဲသားအနှစ်အရောပုံထားတာလေးကိုနယ်ပြီး ရှမ်းချဉ်လေးနဲ့စားကြည့်တာ ကြိုက်မှကြိုက်ပဲ 🤤❤️
Seasonal Fruit Smoothie 🧃- 6000Ks
- seasonal fruit ကဘာအသီးတွေနဲ့ဖျော်တာလဲတောင်မေးယူရတယ် အရသာကစတော်ဘယ်ရီလိုမျိုးကိုတစ်မျိုးလေးနဲ့ အတော်သောက်ကောင်းလို့ သူတို့ကတော့ အသီးသုံးမျိုးလောက်ရဲ့ syrup တွေနဲ့ရောစပ်ဖျော်ထားတာတဲ့ရှင့် အရမ်းသောက်ကောင်းပေမယ့်နည်းတယ် မဝဘူး 😭
တခြား Menu တွေလည်း ရရှိနိုင်ပြီးတော့
သူတို့ဆီမှာ Breakfast & Dimsum, Asian နှင့် European စတိုင် Lunch နှင့် Dinner Menu များ ဆိုပြီး ခွဲပြပေးထားပါတယ် page ဝင်ကြည့်တာနဲ့စျေးနှုန်းတွေလည်းတင်ပေးထားတာမို့လို့ အဆင်ပြေတယ်ရှင် 🥰
ပြီးတာ့လေ Service လည်းကောင်းတယ် Customer ကိုသေချာ Care ပေးတယ် 💯
ဆိုင်ကလေယူထားတဲ့စျေးတွေနဲ့တန်အောင် မတူညီတဲ့ခံစားချက် ပေါ့ပါးလန်းဆန်းစေတဲ့ခံစားချက် သဘာဝအလှကန်ရေအလှကိုလည်း ခံစားရှုစားရစေမယ် ပြီးတော့ ဓာတ်ပုံကောင်းတွေရှယ်ရစေမယ်ရှင့် 🤪🤍
ဓာတ်ပုံလေးတွေမှာလည်း တစ်ခုစီရေးပြထားပေးတာမို့လို့ အဆုံးထိကြည့်ပြီးလို့ အရမ်းသွားချင်လာရင် မင်မင်တာဝန်မယူပါနော် (စတာ) 😛
ဆိုင်လမ်းညွှန်အနေနဲ့ မရမ်းကုန်းမြို့နယ် မေခလမ်းထဲကိုသိပ်ဝင်စရာမလိုပဲ 3C/3F ဆိုတော့ဆိုင်းဘုတ်ထောင်ထားတာလေးရဲ့လမ်းထဲဆုံးအောင်ဝင်လိုက်ရင်ရပါပြီနော် 💕
📌 ဆိုင်ဖွင့်ချိန် - မနက် (၇)နာရီ မှ ည (၁၀)နာရီ။
📍 ဆိုင်လိပ်စာ - 3F မေခလမ်း၊ မရမ်းကုန်းမြို့နယ်။
☎️ ဆိုင်ဖုန်း - 095107558
#noah_by_the_lake #restaurant
#စားမယ်သွားမယ်
#honestreview
