21 နာရီ - ဘာသာပြန်ပါ။

၂၀၂၃ ခုနှစ် နိုဝင်ဘာလတုန်းက အမေရိကန်ပြည်ထောင်စု၊ ကိုလိုရာဒိုပြည်နယ်မှာ အသက် ၄၁ နှစ်အရွယ် ရဲအရာရှိဟောင်းတစ်ဦးဖြစ်တဲ့ Issac Espinosa (အိုက်ဇက် အက်စ်ပီနိုဆာ) ဟာ သူ့ရဲ့ အိမ်ရှေ့မှာ မိသားစုနဲ့အတူထိုင်နေတုန်း ရုတ်တရက် ကျည်ဆံတစ်တောင့်က လာမှန်ခဲ့ပါတယ်
ဒီကျည်ဆံဟာ ဘယ်ကနေဘယ်လိုလာမှန်းမသိဘဲ Espinosa ရဲ့ ရင်ဘတ်ကို တည့်တည့်လာမှန်ခဲ့တာ ဖြစ်ပါတယ် ကံကောင်းစွာနဲ့ဘဲ အဲ့ဒီအချိန်မှာ သူဝတ်ဆင်ထားတဲ့ အမေရိကန်ဒေါ်လာ ၂၅၀ ခန့် တန်ဖိုးရှိတဲ့ လက်ဝါးကပ်တိုင်ရွှေဆွဲကြိုးက ကျည်ဆံကို တားဆီးပေးလိုက်ပါတယ်
ကျည်ဆံဟာ သူ့ရဲ့ရင်ဘတ်ပေါ်မှာရှိတဲ့ ဆွဲကြိုးက လက်ဝါးကပ်တိုင်ကို ထိမှန်ခဲ့ပြီး အရေပြားထဲကို ထွင်းဖောက်ဝင်ရောက်မသွားခဲ့ပါဘူး Espinosa ရဲ့ ရင်ဘတ်မှာတော့သေးငယ်ပြီး နီရဲနေတဲ့ ဒဏ်ရာလေးတစ်ခုဘဲကျန်ရစ်ခဲ့ကာ အသက်အန္တရာယ်မရှိခဲ့ပါဘူး
ဒီဖြစ်ရပ်အပြီးမှာ Espinosa ဟာ ဘုရားသခင်က သူ့ကို ကာကွယ်ပေးခဲ့တယ်လို့ ပြောခဲ့ပါတယ် သူ့မိခင်ကလည်း ဒီဆွဲကြိုးဟာ သူ့သားရဲ့ အသက်ကို ကယ်တင်ပေးခဲ့ပြီး သူ့သားမှာ ဘုရားသခင်ပေးတဲ့ အသက်သာရှိတော့တယ်လို့ ပြောဆိုခဲ့ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts

image