1.Thai style ပြည်ကြီးငါးချဉ်ငန်စပ်တုတ်ထိုး
ပြည်ကြီးငါးကို ကြက်သားမှုန့် ရှောက်ရွက် ထည့်ပြီး ၃မိနစ်ခန့် ရေနည်းနည်းလေးနဲ့ပြုတ်။ ရရင်အအေးခံပြီး တုတ်လေးနဲ့ထိုးထားပေးပါ။ ထောင်းထားသောထန်းလျက်၂ခဲနှင့် ငရုတ်သီးအနီတောင့် ငံပြာရည် ထောင်းပြီးသားမြေပဲနဲနဲ သံပုရာရည် ပုဇွန်ခြောက်မှုန့် ထည့်။ ပြည်ကြီးငါးတုတ်ထိုးပေါ်ဆမ်း နံနံပင်အုပ် ရပြီ။ Credit
😋😋😋😋😋😋😋😋😋😋😋😋
2. ရေဘဝဲ ချဉ်ငံစပ်နဲ့တို့စားမယ်🤤
ရေဘဝဲရေဆေး သန့်စင် ရှာလကာရည်နဲ့ပွတ်ဆေး သန့်စင်က ရေပွတ်ပွတ်ဆူထဲကို 3min လောက် ဂျင်းလက်တစ်ဆစ် ရှာလည်ကာရည် အနည်းငယ် ထည့်ပြုတ်မယ်
ရေဘဝဲနဲ့စားဖို့ အချဉ်ဖျော်နည်း🤤
ကြက်သွန်ဖြူနဲ့ငရုတ်သီးစိမ်းကိုနုတ်နုတ်စင်းပြီး
ပဲငံပြာရည်များများနဲ့ဆား/ဟင်းချိုမှုန့်ထည့်ကာ
နှံ့စပ်သွားအောင်မွှေပေးပါ။
ပဲငံပြာရည်မှာအချို/ငံအရသာရှိပြီးထားမို့
ဆားနဲ့ဟင်းချိုမှုန့်ကိုလျှော့ထည့်ပါ။
ရေသန့်အနည်းငယ်/သံပုရာသီးညှစ်ထည့်ကာ
ခပ်ပျစ်ပျစ်ပဲဖျော်ပါ။ကျဲရင်စားမကောင်းပါ။
သံပုရာသီးကိုချဉ်တယ်ဆိုရုံ
အနံ့လောက်ပဲထည့်ပါ။
အရမ်းချဉ်သွားရင်စားမကောင်းပါ။🥰🥰🥰
🤤😋😋😋😋😋😋😋😋😋😋😋😋😋😋
Credit
3. ပုဇွန်ထုပ်ပေါင်းနည်းနှင့် အချဉ်ရည်ဖျော်နည်း 🍤🤤
လုပ်နည်းကလွယ်လွယ်လေးရယ်
စျေးမှဝယ်လာတဲ့ပုဇွန်လေးတွေကို အမွှေးညှပ်
အီးထုတ်ပီး ရေစင်အောင်ဆေးမယ်
ခေါင်းမဖြုတ်ဘူးအခွံတွေမခွါဘူးနော်
ဒီတိုင်းရေစင်အောင်ဆေးပီး
ရေနွေးငွေ့ဖြင့်အချိန် 15min
လောက်ပေါင်းပါမယ် ပေါင်းပီးရင်
အရောင်လေးကပုံပါအတိုင်း
စားချင်စရာလေးပေါ့နော်
ညှီနံ့သက်သာချင်ရင် ပေါင်းတဲ့အခါ
ဆပါလင် ထည့်ပေါင်းလည်းရတယ်
ဘာအရသာမှမထည့်လည်းရ
သဘာဝအရသာလေးအတိုင်းပဲ ထုတ်ထုတ်
လေးနဲ့ စားလို့ကအရမ်းကောင်း 🤤🤤
Foodie Food မူရင်း
အင်မတန်အရသာရှိပြီးစားလို့ကောင်းတဲ့
အချဉ်ရည်ဖျော်စပ်နည်းလေးပါ
👇 ပြုလုပ်နည်း 👇👇
ကြက်သွန်ဖြူနဲ့ငရုတ်သီးစိမ်းကိုနုတ်နုတ်စင်းပြီး
ပဲငံပြာရည်များများနဲ့ဆား/ဟင်းချိုမှုန့်ထည့်ကာ
နှံ့စပ်သွားအောင်မွှေပေးပါ။
ပဲငံပြာရည်မှာအချို/ငံအရသာရှိပြီးထားမို့
ဆားနဲ့ဟင်းချိုမှုန့်ကိုလျှော့ထည့်ပါ။
ရေသန့်အနည်းငယ်/သံပုရာသီးညှစ်ထည့်ကာ
ခပ်ပျစ်ပျစ်ပဲဖျော်ပါ။ကျဲရင်စားမကောင်းပါ။
သံပုရာသီးကိုချဉ်တယ်ဆိုရုံ
အနံ့လောက်ပဲထည့်ပါ။
အရမ်းချဉ်သွားရင်စားမကောင်းပါ။
Credit Nang Myat K Tar
