3 w - Translate

The Boy in the Striped Pajamas (ဝါ) အပြစ်မဲ့အပြစ်သား

ဒီနေ့ review ရေးပေးချင်တဲ့ စာအုပ်လေးကတော့ ဆရာသက်ပိုင် မြန်မာဘာသာပြန်ထားတဲ့ “အပြစ်မဲ့ အပြစ်သား” ဆိုတဲ့ စာအုပ်လေးပဲဖြစ်ပါတယ်။

📍Spoil ပါတဲ့အတွက် ကိုယ်ကိုယ်တိုင်ဖတ်ပြီး ကိုယ်တိုင်ခံစားချင်တဲ့ bookworms လေးတွေအတွက်ကတော့ ဒီ review လေးက အဆင်ပြေမယ်မထင်ပါဘူးရှင်📍

ဒီဝတ္ထုလေးထဲမှာတော့ နာဇီတပ်ဖွဲ့ဗိုလ်ချုပ်ကြီးရဲ့သား (ဘရူနို) နဲ့ အဖမ်းဆီးခံထားရတဲ့ လှောင်ပိတ်ခံ ဂျူးကောင်လေး(ရှမူးလ်) နှစ်ယောက်ကြားက သူငယ်ချင်းသံယောဇဥ်ကို ရင်နင့်စွာရေးသားဖော်ပြထားပါတယ်။
ဂျာမနီနိုင်ငံ၊ ဘာလင်မြို့မှာ တာဝန်ထမ်းဆောင်နေတဲ့ ဘရူနို့အဖေက တနေ့မှာ ပိုလန်ကိုပြောင်းရွေ့ပြီး အကျဥ်းချထားတဲ့ဂျူးတွေကို သုတ်သင်ဖို့ တာဝန်ပေးခြင်းခံရတယ်။ အဲဲ့ဒါကြောင့် သမီးကြီး ဂရက်တယ်နဲ့ သားငယ် ဘရူနိုတို့ကိုပါ သူနဲ့အတူ တစ်ပါတည်းခေါ်လာရတာပေါ့။ အဲ့လိုနဲ့ပဲ ဘရူနိုဟာ ကလေးသဘာဝ ကစားဖော်ရှာတတ်ပြီး စပ်စုတတ်တာကြောင့် မလှမ်းမကမ်းမှာသေဖို့စောင့်ဆိုင်းနေရတဲ့ ရှမူးလ်ဆိုတဲ့ ဂျူးကောင်လေးနဲ့တွေ့ဆုံပြီး သံယောဇဉ်တွေ ဖြစ်လာခဲ့တယ်……

တဖြည်းဖြည်း သံယောဇဉ် တွယ်လာတဲ့ ဂျာမန်ကောင်လေး ဘရူနိုနဲ့ ပိုလန်သားလေး ရှမူးလ်တို့လည်း အမြဲတမ်း ခြံစည်းရိုးလေးနားထိုင်ပြီး ကလေးပီပီ ခိုးကြောင်ခိုးဝှက် ကစားခဲ့ကြတာပေါ့။ တစ်နေ့တော့ ရှမူးလ်က သူ့အဖေကို မတွေ့မိလို့ဆိုပြီး ကူရှာပေးဖို့ ဘရူနို့ကိုအကူညီတောင်းခဲ့တယ်။ ဘရူနိုလည်း ရှမူးလ်ပေးတဲ့ ဂျူးအကျဥ်းသားဝတ်စုံကိုဝတ်ကာ ရုပ်ဖျက်ပြီး ခြံစည်းရိုးအောက်ကနေ တိုးဝင်ကာ ရှမူးလ်အဖေကို ကူရှာပေးခဲ့တယ်။ ကံကြမ္မာအကြောင်းဖန်လာတော့ သူတိူ့သူငယ်ချင်းနှစ်ယောက် ဂျာမန်စစ်သားတွေကို ရှောင်ရင်း၊ ရှားရင်း အဆိပ်ငွေ့ပေးသတ်ခံရမဲ့ လူတန်းကြီးထဲပါသွားကာ အခန်းထဲလှောင်ပိတ်ခံရပြီး အခြားဂျူးတွေနဲ့အတူ အရှင်လတ်လတ်အသတ်ခံလိုက်ရပါတော့တယ်…….

ဒီစာအုပ်လေးထဲမှာ ကလေးငယ်နှစ်ယောက်ရဲ့ သူငယ်ချင်းသံယောဇဥ်၊ ကလေးတွေသဘာဝ စူးစမ်းချင်စိတ်၊ ဒုတိယကမ္ဘာစစ်အတွင်းက ဂျူးတွေရက်ရက်စက်စက် သတ်ဖြတ်ခံရပုံ၊ စစ်ပွဲကြောင့် အပြစ်မဲ့ကလေးတွေ အသက်ဆုံးရှုံးရပုံ စတာတွေကို ဖတ်ရှုခံစားရမှာပဲ ဖြစ်ပါတယ်ရှင်။

စာအုပ်လေးဟာဆိုရင် ရုပ်ရှင်ကားလည်း ထွက်ရှိထားပြီး အောင်မြင်မှုများစွာလည်းရရှိထားပါတယ်။ ဒါပေမဲ့ Lynn အတွက်ကတော့ စာအုပ်ဖတ်ပြီး ရုပ်ရှင်ကိုတစ်ဖန်ပြန်ကြည့်ဖို့ ခွန်အားမရှိတော့ပါ။ ပြီးတော့ စာအုပ်ဖတ်နေစဥ်အတွင်း lynn ရဲ့ သိချင်စိတ်တွေကို တဖွားဖွားပေါ်စေခဲ့ပြီး ဇာတ်သိမ်းပိုင်းရောက်သည်အထိ တစ်ညတည်းအပြီးကို ဆွဲဆောင်နိုင်ခဲ့တဲ့ ဖတ်ဖူးသမျှစာအုပ်တွေထဲက တစ်အုပ်ပဲ ဖြစ်ပါတယ်။

ဒီနေ့အတွက် စာအုပ် review လေးကတော့ ဒီလောက်ပါပဲရှင့်။ နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့ စာအုပ် review တွေနဲ့အတူ ပြန်လာခဲ့ပါမယ်💛

>> Review by Lynn

#အပြစ်မဲ့အပြစ်သား #သက်ပိုင် #theboyinthestripedpajamas #bookreview #allinbookshelenasharing

image
image
image