1 d - Translate

🚨စာဖတ်ရတာ ငြီးငွေ့နေပြီလား။🚨

အလုပ်တစ်ဖက်နဲ့ မအားလပ်တဲ့အချိန်တွေကြား စာဖတ်ဖို့ စိတ်မပါဖြစ်နေတာကြာခဲ့ပါပြီ။ စာအုပ်တစ်အုပ်ကို စကိုင်လိုက်တာနဲ့ တစ်ခန်း၊ နှစ်ခန်းဖတ်ပြီး တစ်ဝက်တစ်ပြတ် ထားပစ်ခဲ့တဲ့ စာအုပ်ပေါင်းလည်း မနည်းတော့ဘူး။ အလုပ်များပြီး အာရုံစူးစိုက်လို့မရလို့ပဲလား ဘာပဲဖတ်ဖတ် သိပ်အရသာမတွေ့ဘူးဖြစ်နေခဲ့တာ။
ဒီလိုနဲ့ စိတ်ကိုဖမ်းစားနိုင်မယ့်၊ စိတ်အပန်းပြေစေမယ့် စာအုပ်တွေ လိုက်ရှာရင်း “ The Shadow of the Wind” ဆိုတဲ့ စာအုပ်လေးကို ရှာတွေ့ခဲ့တယ်။

ပထမ Chapter ကိုစဖတ်လိုက်ကတည်းက Barcelona ရဲ့ ကျောက်ခင်းလမ်းတွေပေါ်မှာ ကိုယ်တိုင်လမ်းလျှောက်နေရသလို ခံစားခဲ့ရတယ်။ အလုပ်နဲ့ Stress တွေအကြောင်းမေ့ပြီး ဘယ်အချိန်ရှိသွားပြီလည်းဆိုတာတောင်မေ့တဲ့အထိပဲ။ Character တွေနဲ့အတူလိုက်ခံစားရင်း ကိုယ်တိုင်ပါဝင် စီးမျောနေခဲ့မိတယ်။

နောက်ဆုံးစာမျက်နှာကိုဖတ်ပြီးတဲ့အချိန်မှာတော့ စာဖတ်ရတာကို ပထမဆုံး စကြိုက်မိတဲ့အချိန်ကို ပြန်ရောက်သွားသလိုပဲ။ ဝတ္ထုစာအုပ်တွေဆိုတာ ပုံပြင်တွေသက်သက်မဟုတ်ဘဲ တံခါးပေါက်တွေပါပဲ။ သီးခြားကမ္ဘာငယ်လေးတစ်ခုဆီ ခေါ်ဆောင်သွားပေးခဲ့တဲ့ ဒီစာအုပ်လေးကို ဖတ်ကြည့်စေချင်ပါတယ်။

💡 Why You’ll Love It:

Pulls you in from the first line 🕰️

A mix of mystery, history, and love 🌌

The kind of book that changes the way you see stories 📖

image