မချစ်တော့ဘူးဆိုရင်
အဆက်သွယ်နည်းလာခြင်းနဲ့ ပြတယ်။
မလိုအပ်ကြတော့ဘူးဆိုရင်
တိတ်ဆိတ်နေခြင်းတွေနဲ့ ပြတယ်။
စွန့်ပစ်ချင်ကြပြီဆိုရင်
မအားလပ်ခြင်းအကြောင်းပြချက်တွေနဲ့ ပြတယ်။
ရှေ့မဆက်ချင်တော့ဘူးဆိုရင်
စကားနည်းလာခြင်းတွေနဲ့ ပြတယ်။
အသစ်တွေ့နေပြီဆိုရင်...
အရာရာအပြစ်မြင်လာခြင်းတွေနဲ့ ပြတယ်။
သစ္စာဖောက်နေပြီဆိုရင်...
အစောကြီးအိပ်ချင်ပြီဆိုပြီး ပြတယ်။
ပြကို ပြတယ်။
ကြုံခဲ့ဖူးသူတိုင်း သိတယ်။
လွဲချင်လာတဲ့အခါ အမူအရာတွေက ပြတယ်။😊😊
#ရဲသူလွင် (အင်ပင်မြို့)
