ကြက်သားရှူးရှဲရခိုင်သုပ်လေးနဲ့ထမင်းစားကြမယ်ရှင့်

ကြက်သားကိုနနွင်းအနည်းငယ် ဆား ၊ ဂျင်း ၊ကြက်သွန်ဖြူ ၊စပါးလင်တို့ကိုတစ်ခါတည်းထည့်ပြုတ်ပါမယ် ကျက်ခါနီးငါးမိနစ်အလို ကင်ပွန်းရွက်ထည့်ပါမယ်ရှင့်

ကြက်သားသုပ်ဖို့ငရုတ်သီးနီ/စိမ်းနှစ်မျိုးကို လှော်ပါမယ် (ဗိုက်မနာအောင်လို့ပါရှင့်)

မျှင်ငပိကိုလည်းမီးနဲ့ကင်ပေးပါမယ်နော် ပိုမွှေးပီးငါးပိစိမ်းအနံ့မပြင်းတော့ဘူးပေါ့

အဆင်သင့်ဖြစ်ပီဆိုရင် ငရုတ်သီးငါးပိ ဆားဟင်းခတ်မူန့်ထည့်ထောင်းပါမယ် ညက်ပီဆိုရင် ကြက်သွန်ဖြူ ငရုတ်ကောင်းထည့်ထောင်းပါမယ်

ကြက်သားထဲငရုတ်သီးထောင်းထည့်ပါမယ် သံပုရာ
ညှစ်ထည့်ပါမယ် နံနံပင်လေးလှီးထည့်ပါမယ် ပီးရင်
အရသာတွေစိမ့်ဝင်သွားအောင်နယ်ပေးပ့မယ်ရှင့်

ကြက်သားနဲ့ကင်ပွန်းချဉ်ဟင်းရည်လေးရော ရှယ်ပဲ

ခုဆိုရင်တော့ အရမ်းကိုမှစားကောင်းတဲ့ ရခိုင်ရိုးရာကြက်သားသုပ်လေးရပါပြီရှင့် စားကြပါအုမ်းရှင့်

#homecooking
#facebookpostシ
#အိမ်ချက်
#ကြက််သားရခိုင်သုပ်
@highlight
Snow's Foods Hub

image