“ 😱😋အုံ့ .ပုန်းနေတာတွေ ပွင့်ထွက်သွားစေဖို့
မိုးအေးအေးနဲ့ .. ဒီလိုချဥ်ချဥ်စပ်စပ် အထောင်းတွေ စားမယ် စားမယ် 🌶️😋😋 “

#စျေးနူန်းတွေကလား..?
လုံး၀အတန်ဆုံးကတော့ ပင်လယ်စာတွေ တော်တော်များများပါတဲ့ အထောင်းဗန်းကြီးဘဲ .. ၁ ပွဲကို ၂ သောင်းကျပ်ဘဲ ပေးရတာ ဗျ ၊၊
🔺သဘောသီးထောင်းက ၄၀၀၀ ကျပ်
🔺ကြက်ခြေအရိုးလွတ်ထောင်း - ၆၅၀၀ ကျပ်
🔺ကင်းမွန်ထောင်းက ၁ ပွဲ -၉၀၀၀ ကျပ် ပါ ။။


☔️ Admin တို့အတွက်ကလေ အခုလိုမျိုးမိုးအေးအေးနဲ့အချိန်မှာဆိုရင် အစားချင်ဆုံး အလိုက်ဖက်ဆုံးကတော့ .. အခုမျိုး ပူပူစပ်စပ်လေးတွေနဲ့ အထောင်းလေးတွေဘဲ ။
😋စားလိုက်ရရင် ကောင်းမှကောင်းဘဲ .. စိတ်ရူပ်စရာတွေပါ အကုန်ပွင့်ထွက်သွားသလိုဘဲ ၊၊

👉🏻 ဒီဆိုင်ကတော့ Admin တို့အိမ်နဲ့လည်းနီးတယ် ၊၊
ပုဏ္ဏမီ မှတ်တိုင်အနားလေးဘဲဆိုတော့ သူငယ်ချင်းတွေစုပြီး လာစားရင်တောင် သွားရေးလာရေးက အဆင်ပြေတဲ့ဆိုင်မျိုးလေး ။။

🔺 ဆိုင်ကတော့ အရမ်းကြီး ကြီးတာမျိုးမဟုတ်ပေမယ့် ပြင်ဆင်ထားတာလေးကတော့ သပ်သပ်ရပ်ရပ်လေးနဲ့ ... အရသာအားဖြင့်လည်း ထိုင်းစတိုင် ထိုင်းလက်ရာချက်ထားတာမို့ တကယ် စားလို့ကောင်းတယ် ။။

❤️ ထမင်းနဲ့ဟင်း တွဲစားချင်သူများအတွက်ဆိုရင် ပင်စိမ်းချိုချက် ( ရေဘဝဲ ) ဟင်းန/ ငါးအနီရောင်ချက်ဟင်းနဲ့ ပုဇွန်မိူချက် လေးကို ဦးစားပေးစားသင့်တယ့် အဲ့ဒါက စျေးက ၉၀၀၀ ကျပ်တွေဘဲ ပေးရတာ ။။
အခြားဟင်းပွဲအနေဖြင့်ဆိုရင်တော့
- တိုဖူးကဖောင် ( ကြက် ) - ၇၅၀၀ ကျပ်
- ၀က်သုံးထပ်သားကြော် - ၆၅၀၀ ကျပ်
- အမဲအူကြမ်းချက် -၇၀၀၀ ကျပ်
- ငါးဆားကြမ်းကင် - ၁၅၀၀၀ ကျပ်လေးက ဦးစားပေးစားသင့်တဲ့ ဟင်းပွဲလေးတွေထဲမှာ ပါပါတယ် ဗျ ၊၊

#ကြိုက်တဲ့အချက်ကတော့…
ဟင်းပွဲတွေအားလုံးကို မှာရင် အကြာကြီး မစောင့်ရဘူး ဗျ ၊၊ အားနည်းချက်လေးဆိုရင်တော့ ကားပါကင်လေးရှိပေမယ့် လူများရင်တော့ ဆိုင်အရှေ့မှာ တစ်ခါတစ်လေ ကားပါကင်မရဘူး ။။ လမ်းရဲ့ တစ်ခြားဘက်အခြမ်းမှာ သွားပြီးရပ်ရတာပါ ၊၊

🌶️ ချဥ်စပ်အထောင်းလေးတွေစားပြီးရင်တော့ အချိုပွဲအနေဖြင့် သာခွေယိုင် ( ၂၀၀၀ ကျပ် ) ပတ္တမြားသာကူ ( ၃၅၀၀ ကျပ် ) / Chocolate Rubble ( 3000 ကျပ် )လေးတွေက စျေးလည်းတန်ပြီးအရသာရှိပါတယ် ၊၊

သွားစားမယ်ဆိုရင် ဆိုင်လိပ်စာလေးကတော့

🤜Siam Salad - Thai Food🤛
🔔 Business Hour : 10:30 AM - 100 PM
📞 Phone No : 09 456 333 391, 09 456 333 392
📍 Address : အမှတ် ၆၄၊ သစ္စာလမ်း၊ ၉ ရပ်ကွက်၊ ပုဏ္ဏမီမှတ်တိုင်အနီး၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။

#foodinyangon ❤️#siamsaladthaifood.
( ရန်ကုန်မြို့စားသောက်ဆိုင်လမ်းညွန် )

image