Be Healthy ကျန်းမာအောင် နေထိုင်ခြင်းမှာ

အလေ့အကျင့်ဟောင်းတွေကို
ပြောင်းလဲရန် ခက်ခဲနိုင်ပေမဲ့လဲ

ကျန်းမာသန်စွမ်းတဲ့ Healthy Lifestyle ကို
ရရှိနိုင်ဖို့အတွက်လုပ်ဆောင်နိုင်သည့်
အဆင့်များရှိပါတယ်။

အရေးကြီးတဲ့ ပထမအဆင့်မှာ

ကျန်းမာရေးနှင့် ညီညွတ်သော
အလေ့အထများကို ရှာဖွေဖော်ထုတ်ပြီး
Bad Habit မှ Good Habit သို့အစားထိုးဖို့ လိုအပ်ပါတယ်။

ကောင်းသောအလေ့အထများသို့
ပြောင်းလဲဖို့ ဆန္ဒရှိနေရပါမယ်။

ဥပမာ- ကျန်းမာရေးနှင့်ညီညွတ်သော
အစားအစာများစားသုံးမယ်

မိမိရဲ့စိတ်ကို အလိုမလိုက်ပဲ သင့်တင့်
မျှတတဲ့ အစားအစာများကိုပဲ
ရွေးချယ်စားသုံးတာကလဲ
အရေးကြီးတဲ့ ပထမအဆင့်တစ်ခုဖြစ်ပါတယ်။

အိပ်ချိန်စားချိန်မှန်မယ် ။

စိတ်ဖိစီးမှုကို အတတ်နိုင်ဆုံးလျော့ချမယ်။

စိတ်ချမ်းသာစရာလေးတွေသာတွေးပြီး
အကောင်းမြင်စိတ်လေးနဲ့ ပေါ့ပါးအောင်နေမယ်။

ကိုယ်လက်လှုပ်ရှားအားကစားလေ့ကျင့်ခန်း
တခုကို ပုံမှန်စွဲလုပ်မယ်။

ဒီအချက်တွေက Healthy Lifestyle တခုကို
တည်ဆောက်ဖို့ အခြေခံ လိုအပ်တဲ့အချက်တွေပေါ့

မှန်ကန်တဲ့ ကိုယ်အလေးချိန်ထိန်းသိမ်းတဲ့
လုပ်ငန်းစဉ်တခုမှာ နောက်ထပ်အရေးကြီးတဲ့အချက်က

အစားအသောက် က 80%ပါ
Exercise က 20% ပါ

လေ့ကျင့်ခန်းတွေဘယ်လောက်လုပ်လုပ်
စနစ်ကျနတဲ့ အစားအသောက်ပုံစံနဲ့
တွဲဖက်မလုပ်ရင် သိသာထူးခြားတဲ့
ရလဒ်ကို ရမှာမဟုတ်ပါဘူးလို့ ပြောချင်ပါတယ်

Credit

image