12 w - Translate

ဇူလိုင်လတုန်းက ပါကစ္စတန်နိုင်ငံမြောက်ပိုင်း၊ ကိုဟစ်စတန် (Kohistan) ဒေသမှာ ထူးခြားတဲ့ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ် အဲ့တာကတော့ ၁၉၉၇ ခုနှစ်က နှင်းမုန်တိုင်းအတွင်း ပျောက်ဆုံးသွားခဲ့တဲ့ အသက် ၃၁ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်တဲ့ Naseeruddin ရဲ့ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်
၁၉၉၇ ခုနှစ်က Naseeruddin ဟာ သူ့ရဲ့အစ်ကိုနဲ့အတူ ခရီးသွားနေစဉ် နှင်းမုန်တိုင်းထဲမှာ ပျောက်ဆုံးသွားခဲ့တယ်လို့ သိရပါတယ် သူ့မိသားစုက နှစ်ပေါင်းများစွာ ရှာဖွေခဲ့ပေမဲ့ မတွေ့ရှိခဲ့ပါဘူး
ယခုအခါမှာတော့ သူ့ရဲ့ရုပ်အလောင်းကို ရေခဲပြင်တွေ အရည်ပျော်နေတဲ့ Lady Meadows ရေခဲမြစ်ရဲ့အစွန်းနားမှာ တွေ့ရှိခဲ့တာပါ ပျောက်ဆုံးသွားတာ နှစ်ပေါင်း ၂၈ နှစ်ကြာပြီးနောက်မှာတောင် သူ့ရဲ့ရုပ်အလောင်းဟာ ကောင်းမွန်စွာပုံမပျက်ဘဲ ရှိနေခဲ့ပါတယ် အဝတ်အစားတွေဟာ မပျက်စီးသေးဘဲ သူ့ရဲ့ကိုယ်ရေးအချက်အလက်ကတ်ပြားကိုပါ တွေ့ရှိခဲ့တာကြောင့် သူဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို အတိအကျ အတည်ပြုနိုင်ခဲ့ပါတယ်
သိပ္ပံပညာရှင်တွေနဲ့ ကျွမ်းကျင်သူတွေက ရေခဲမြစ်ရဲ့ ပတ်ဝန်းကျင်ကြောင့် ရုပ်အလောင်းဟာ ပုံမပျက်ဘဲရှိနေတာလို့ ပြောခဲ့ကြပါတယ် ရေခဲမြစ်ထဲက အေးမြခြောက်သွေ့ပြီး အောက်ဆီဂျင်နည်းပါးတဲ့အခြေအနေဟာ ဘက်တီးရီးယားတွေ ပေါက်ပွားမှုကို တားဆီးပေးတာကြောင့် အလောင်းဟာ ပုံမပျက်ဘဲ ကောင်းမွန်စွာ ရှိနေခဲ့တာပါ
Naseeruddin ရဲ့မိသားစုအတွက်တော့ ဒီရုပ်အလောင်းကို တွေ့ရှိလိုက်ရခြင်းဟာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့တဲ့ မသေချာမရေရာတဲ့ခံစားချက်တွေကို အဆုံးသတ်ပေးနိုင်ခဲ့ပါတယ်
#knowledge #ဗဟုသုတ #whatthefacts #facts

image