12 w - Translate

အွန်လိုင်းလိမ်လည်မှုကျူးလွန်ခဲ့တဲ့ ဗီယက်နမ်နိုင်ငံသား ၁၃ ဦးကို ပြည်နှင်လွှပြောင်းပေးအပ်
********************
(ပြည်တွင်း) ဩဂုတ် ၂၀
အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှု၊ ဒုစရိုက်မှု ကျူးလွန်ခဲ့ကြတဲ့ ဗီယက်နမ်နိုင်ငံသား ၁၃ ဦးကို မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားကတစ်ဆင့် သက်ဆိုင်ရာနိုင်ငံကို လူသားချင်းစာနာ ထောက်ထားမှုနဲ့ နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှုပြီး ထပ်မံလွှဲပြောင်းပေးလိုက်တယ်လို့ သိရပါတယ်။

ဗီယက်နမ်နိုင်ငံသား ၁၃ ဦးဟာ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်းကာ မြန်မာနိုင်ငံအတွင်းကို နယ်စပ်လမ်းကြောင်းတွေကနေ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့ – ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး(KK Park) နဲ့ ကျောက်ခတ်နယ်မြေတွေမှာ အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှု၊ ဒုစရိုက်မှု ကျူးလွန်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းတွေ စနစ်တကျရှိစေဖို့နဲ့ အဆင်ပြေချောမွေ့စေဖို့အတွက် ကရင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနဲ့ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တွေ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်ကနေ ဩဂုတ်လ ၁၉ ရက်အထိ မြန်မာနိုင်ငံအတွင်းကို တရားမဝင် ဝင်ရောက်လာတဲ့ ပြည်ပနိုင်ငံသား စုစုပေါင်း ၉၃၃၁ ဦး စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကာ အဲဒီအနက်က ၉၁၁၁ ဦးကို ထိုင်းနိုင်ငံကတစ်ဆင့် သက်ဆိုင်ရာနိုင်ငံတွေကို ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိတဲ့ ပြည်ပနိုင်ငံသား ၂၂၀ ဦးကို သက်ဆိုင်ရာနိုင်ငံတွေကို လွှဲပြောင်းပေးဖို့ အသင့်ဖြစ်နေပြဖြစ်တယ်လို့လည်း သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

image