#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ဗင်နီဇွဲလားနိုင်ငံအနီးသို့ စစ်သင်္ဘောသုံးစင်း အမေရိကန်အစိုးရ စေလွှတ်ထား
လက်တင်အမေရိက မူးယစ်ဂိုဏ်းများပြဿနာကို ဖြေရှင်းရေး အတွက် ဗင်နီဇွဲလားနိုင်ငံ ကမ်းရိုးတန်းအနီး ကမ်းလွန်ရေပြင်သို့ အမေရိကန်အစိုးရက စစ်သင်္ဘောများ စေလွှတ်ထားကြောင်း ဩဂုတ် ၁၈ ရက် သတင်းများတွင် ရေးသားတင်ပြထားသည်။
အမေရိကန်အစိုးရက စေလွှတ်ထားသော ပဲ့ထိန်းဒုံးကျည်တင် ဖျက်သင်္ဘောသုံးစင်းသည် လာမည့် ၃၆ နာရီအတွင်း ဗင်နီဇွဲလား ကမ်းလွန်သို့ ရောက်ရှိမည်ဖြစ်ကြောင်း အမေရိကန်အစိုးရသတင်းအရင်းအမြစ်များက ဩဂုတ် ၁၈ ရက်တွင် ပြောကြားထားသည်။
လက်တင်အမေရိက မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းများ ပြဿနာ ကို ဖြေရှင်းရာတွင် စစ်အင်အားကိုအသုံးပြုရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဆန္ဒရှိနေသည်။ အမေရိကန် အစိုးရသည် လက်တင်အမေရိကအခြေစိုက် မူးယစ်ဂိုဏ်းများကို နိုင်ငံတကာအကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေညာထားပြီးဖြစ်သည်။
သမ္မတဒေါ်နယ်ထရန့်၏ လက်တင်အမေရိက မူးယစ်ဂိုဏ်းများပြဿနာဖြေရှင်းရေးအစီအစဉ်တွင် အမေရိကန်ရေတပ်သားနှင့် မရိန်းတပ်ဖွဲ့ဝင် ၄ဝဝဝ ခန့် ပါဝင်နိုင်ကြောင်း သိရသည်။
သမ္မတဒေါ်နယ်ထရန့် အစိုးရအဖွဲ့သည် မက္ကဆီကိုနိုင်ငံမှ ဆီနာလို အာ မူးယစ်ဂိုဏ်းအပါအဝင် လက်တင်အမေရိက မူးယစ်ဂိုဏ်းများနှင့် ဗင်နီဇွဲလားအခြေစိုက် ထရန်ဒီအာရာဂွာအမည်ရှိ ဒုစရိုက်အဖွဲ့တစ်ဖွဲ့တို့ကို ယခုနှစ်ဖေဖော်ဝါရီလအတွင်း နိုင်ငံတကာအကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေညာထားသည်။
ရိုက်တာ

image