🤰🧘️ ကိုယ်ဝန်ဆောင်မေမေများ လေ့ကျင့်ပြုလုပ်နိုင်မဲ့ Pregnancy Yoga အကြောင်း ✨✨

Pregnancy Yoga မှာ စိတ်နဲ့ ခန္ဓာဆက်သွယ်ပြီး လေ့ကျင့်ခြင်းဖြစ်တဲ့အပြင် ကိုယ်ဝန်ဆောင်မိခင်များအတွက် အထူးသင့်တော်တဲ့ လေ့ကျင့်ခန်းတစ်မျိုး ဖြစ်ပါတယ် ❇️❇️

မွေးဖွားရ လွယ်ကူစေရန်၊ ဝေဒနာ သက်သာစေရန်၊ ကိုယ်ဝန်နဲ့ နေသားတကျ ဖြစ်စေရန် စတဲ့ အချက်များကိုလည်း အထောက်အကူပြုစေနိုင်ပါတယ်

ကိုယ်ဝန်ရှိချိန်မှစ မွေးဖွားချိန်အထိ ယောဂပြုလုပ်ခြင်း နည်းလမ်းအမျိုးမျိုးရှိတာကြောင့် ကိုယ်ဝန်ဆောင်မေမေများအတွက် အထူးသင့်တော်စေပါတယ်✨

🤰🧘‍♀️လေ့ကျင့်ခန်းများအနေနဲ့ -
The Standing Mountain
The Supported Triangle
The Supported Squat

အိမ်တွင်းပြုလုပ်နိုင်မယ့် အသက်ရှုလေ့ကျင့်ခန်း၊ အကြောဆန့်လေ့ကျင့်ခန်း စတဲ့ ယောဂလေ့ကျင့်ခန်းများစွာ ကျွမ်းကျင်သူများနဲ့ ညှိနှိုင်းတိုင်ပင် လုပ်ဆောင်နိုင်ပါတယ်

🤰🧘‍♀️Pregnancy Yoga လေ့ကျင့်ခြင်းဖြင့် ရရှိလာမဲ့ အကျိုးကျေးဇူးများအနေနဲ့ -

စိတ်ပိုင်းဆိုင်ရာ သန်စွမ်းလာစေမယ်

ကျောနောက်ကျောဘက်၊ တင်ပါးဆုံတွင်းပိုင်း၊ ခြေထောက်ပိုင်း ကြံ့ခိုင်ကျန်းမာစေမယ်

ကိုယ်ခံအား ခိုင်မာစေပြီး ခန္ဓာကိုယ် လှုပ်ရှားရ လွယ်ကူစေမယ်

ကိုယ်ဝန်ဆောင်ချိန်၊ ကလေးမွေးဖွားချိန်၊ မွေးဖွားပြီးချိန် ခံစားရတဲ့ စိတ်ဒုက္ခများနဲ့ ခန္ဓာပြောင်းလဲမှု ရလဒ်များ သိသိသာသာ အကျိုးထူးများ ရရှိစေနိုင်ပါတယ်..

🧘‍♀️🤰 အကျိုးရလဒ်များရှိသလို ရှောင်ကြဉ်ရန်အချက်များလည်း ရှိလို့ ကျွမ်းကျင်ပညာရှင်များနဲ့ ယောဂပြုကျင့်ဖို့ အကြံပြုလိုပါတယ်ရှင်။

Credit

image