Legs-Up-the-Wall Pose"(Viparita Karani) - နံရံပေါ် ခြေထောက်တင်ခြင်း လေ့ကျင့်ခန်း အကြောင်း သိကောင်းစရာ
(Viparita Karani) သည် "ပြောင်းပြန်လှန်လုပ်ဆောင်ခြင်း" ဟု အဓိပ္ပာယ်ရပြီး အနောက်တိုင်းတွင် "Legs-Up-the-Wall Pose" ဟု လူသိများသော အလွန်ငြင်သာပြီး ပြန်လည်လန်းဆန်းစေသည့် ကျင့်စဉ်တစ်ခုဖြစ်ပါတယ်။
Legs-Up-the-Wall Pose (Benefits)
ဤကျင့်စဉ်သည် ရိုးရှင်းသော်လည်း ခန္ဓာကိုယ် Fisiology (ဇီဝကမ္မဗေဒ) အပေါ် အကျိုးသက်ရောက်မှုများစွာရှိပါတယ်။
* သွေးလည်ပတ်မှုစနစ်ကို အထောက်အကူပြုခြင်း
(Aids Circulation)အဓိကအကျိုးကျေးဇူးမှာ သွေးလည်ပတ်မှုအပေါ် သက်ရောက်မှုပင်ဖြစ်ပါတယ်။ ခြေထောက်များကို နှလုံးအထက်သို့ မြှောက်ထားခြင်းဖြင့် ကမ္ဘာ့ဆွဲအား (Gravity) ကိုအသုံးပြုကာ ခြေထောက်နှင့် ခြေဖဝါးများမှ သွေးပြန်ကြောများအတွင်းရှိ သွေးများ နှလုံးဆီသို့ ပြန်လည်စီးဆင်းရန် လွယ်ကူစေပါတယ်။ ဤဖြစ်စဉ်ကို Venous Drainage ဟုခေါ်ပြီး ၎င်းကြောင့် ခြေထောက်ဖောရောင်ခြင်း (Edema)၊ ခြေချင်းဝတ်ရောင်ရမ်းခြင်းတို့ကို သက်သာစေပြီး တစ်နေကုန် မတ်တပ်ရပ်ခြင်း သို့မဟုတ် ထိုင်အလုပ်လုပ်ခြင်းကြောင့် ခြေထောက်များ မညောင်းညာစေရန် ကူညီပေးပါတယ်။
အာရုံကြောစနစ်ကို ငြိမ်သက်စေပြီး စိတ်ဖိစီးမှုကို လျှော့ချခြင်း (Calms the Nervous System & Reduces Stress)
* ဤအနေအထားသည် ခန္ဓာကိုယ်၏ အနားယူခြင်းနှင့် အစာချေခြင်းကို တာဝန်ယူသော Parasympathetic Nervous System ကို လှုံ့ဆော်ပေးသည်။ ၎င်းကြောင့် နှလုံးခုန်နှုန်းကို နှေးကွေးစေပြီး သွေးပေါင်ချိန်ကို အနည်းငယ်ကျဆင်းစေကာ စိတ်ကို အေးချမ်းတည်ငြိမ်စေသည်။ ထို့ကြောင့် စိုးရိမ်သောကများခြင်း၊ စိတ်ဖိစီးမှုများခြင်းနှင့် အိပ်မပျော်ခြင်းဝေဒနာများအတွက် အလွန်အကျိုးရှိသော ကျင့်စဉ်တစ်ခုဖြစ်ပါတယ်။
ခါးအောက်ပိုင်း နာကျင်မှုကို သက်သာစေခြင်း (Relieves Lower Back Pain)
* နံရံကိုအမှီပြု၍ ခြေထောက်များကို ဆန့်တန်းထားခြင်းသည် ပေါင်နောက်ကြော (Hamstrings) များကို ညင်သာစွာ ဆွဲဆန့်ပေးပြီး ခါးရိုးမကြီးအောက်ပိုင်း (Lumbar spine) ပေါ်ရှိ ဖိအားများကို လျော့ကျစေသည်။ ၎င်းကြောင့် အချိန်ကြာမြင့်စွာ ထိုင်ခြင်းကြောင့်ဖြစ်သော ခါးနာ၊ ခါးညောင်းခြင်းများကို သက်သာစေပါတယ်။
ခြေထောက်နှင့် ခြေဖဝါး ညောင်းညာမှုကို သက်သာစေခြင်း (Soothes Tired Legs and Feet)
အားကစားသမားများ သို့မဟုတ် တစ်နေကုန် လမ်းလျှောက်၊ မတ်တပ်ရပ်ရသူများအတွက် ဤကျင့်စဉ်သည် ခြေထောက်ကြွက်သားများအတွင်း စုပုံနေသော Lactic Acid များကို ပြန်လည်စီးဆင်းစေပြီး ညောင်းညာကိုက်ခဲမှုကို လျင်မြန်စွာ သက်သာစေပါတယ်။ခြေထောက်ဖောရောင်ခြင်းကို သက်သာစေသည့်
မည်သူတို့ မပြုလုပ်သင့်လဲ (Contraindications)
"Legs-Up-the-Wall Pose" အလွန်ငြင်သာသော်လည်း အချို့သောကျန်းမာရေးအခြေအနေများရှိသူများအနေဖြင့် ရှောင်ကြဉ်သင့်သည် သို့မဟုတ် အထူးသတိထား ပြုလုပ်သင့်ပါတယ်။
ရေတိမ်ရောဂါ (Glaucoma)
ပြောင်းပြန်အနေအထားအားလုံးကဲ့သို့ပင် ဤကျင့်စဉ်သည် မျက်လုံးအတွင်း ဖိအား (Intraocular Pressure) ကို ယာယီအားဖြင့် မြင့်တက်စေနိုင်သောကြောင့် ရေတိမ်ရောဂါရှိသူများ လုံးဝရှောင်ကြဉ်သင့်ပါတယ်။
* မထိန်းချုပ်နိုင်သော သွေးတိုးရောဂါ (Uncontrolled High Blood Pressure)
ဤကျင့်စဉ်သည် စိတ်ကိုငြိမ်သက်စေ၍ သွေးပေါင်ချိန်ကို ထိန်းညှိရာတွင် အထောက်အကူပြုနိုင်သော်လည်း သွေးပေါင်ချိန်အလွန်များနေပြီး ဆေးဖြင့်မထိန်းချုပ်နိုင်သေးသူများအနေဖြင့် ဆရာဝန်နှင့် မတိုင်ပင်ဘဲ မပြုလုပ်သင့်ပါ။
ပြင်းထန်သော လည်ပင်း သို့မဟုတ် ခါးဒဏ်ရာများ (Serious Neck or Back Injuries)
လည်ပင်း သို့မဟုတ် ခါးတွင် ပြင်းထန်သော ဒဏ်ရာရထားဖူးသူများ၊ ခွဲစိတ်ထားသူများသည် ဆရာဝန်၏ ညွှန်ကြားချက်မရှိဘဲ မပြုလုပ်သင့်ပါ။
အူကျခြင်း (Hernia)
အထူးသဖြင့် ဝမ်းဗိုက် သို့မဟုတ် ပေါင်ခြံတွင် အူကျသောဝေဒနာရှိသူများ ရှောင်ကြဉ်သင့်ပါတယ်။
ရာသီလာစဉ် (During Menstruation)
ဤအချက်မှာ အငြင်းပွားဖွယ်ရာဖြစ်ပါသည်။ ရှေးရိုးယောဂအစဉ်အလာများတွင် ရာသီလာစဉ် ပြောင်းပြန်လှန်သည့်ကျင့်စဉ်များကို ရှောင်ကြဉ်ရန် ညွှန်ကြားလေ့ရှိသည်။ သို့သော် ခေတ်တွေပြောင်းလာတာကြောင့် ယောဂဆရာများစွာက ဤငြင်သာသောကျင့်စဉ်သည် နာကျင်ကိုက်ခဲမှုကို သက်သာစေနိုင်ပြီး ပြုလုပ်၍ရသည်ဟု ဆိုကြသည်။ ထို့ကြောင့် ၎င်းသည် မိမိ၏ခန္ဓာကိုယ်အခြေအနေနှင့် သက်သောင့်သက်သာရှိမှုအပေါ်တွင် မူတည်၍ ဆုံးဖြတ်သင့်ပါသည်။
မှန်ကန်ကြောင်း သက်သေအထောက်အထား (Scientific Evidence and Physiological Basis)
ခြေထောက်များကို မြှောက်ထားခြင်းဖြင့် (Lymphatic vessels) များအတွင်းရှိ အရည်များ ခန္ဓာကိုယ်အထက်ပိုင်းသို့ ပြန်စီးဆင်းရန် ကမ္ဘာ့ဆွဲအားက တိုက်ရိုက်ကူညီပေးကြောင်း Yoga Journal နှင့် Healthline ကဲ့သို့သော ကျန်းမာရေးဆိုင်ရာ ထိပ်တန်းစာမျက်နှာများတွင် ဖော်ပြထားသည်။
Autonomic Nervous System Regulation
စိတ်ငြိမ်သက်စေသည့် အကျိုးကျေးဇူးမှာ Baroreceptor ဟုခေါ်သော သွေးပေါင်ချိန်ထိန်းညှိသည့် အာရုံခံဆဲလ်များအပေါ် သက်ရောက်မှုကြောင့်ဖြစ်သည်။ ဤအနေအထားသည် လည်ပင်းနှင့် ရင်ဘတ်ရှိ Baroreceptors များကို လှုံ့ဆော်ပေးပြီး "အနားယူ၊ အစာချေ" စနစ် (Parasympathetic response) ကို အသက်ဝင်စေသည်။ ဤအချက်ကို စိတ်ဖိစီးမှုလျှော့ချရေးဆိုင်ရာ လေ့လာမှုများတွင် ကျယ်ပြန့်စွာ လက်ခံထားကြသည်။
Credit
