#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ယူရေနီယံသန့်စင်မှု ဆန္ဒအလျောက်ရပ်ဆိုင်းရန် အီရန်ကို တိုက်တွန်း
အီရန်နိုင်ငံရှိ ပြုပြင်ပြောင်းလဲရေး နိုင်ငံရေးအဖွဲ့တစ်ဖွဲ့က နိုင်ငံ၏ ယူရေနီယံသန့်စင်မှု အစီအစဉ်အား ဆန္ဒအလျောက် ရပ်ဆိုင်းရန် တောင်းဆိုသည့် ကြေညာချက်တစ်ရပ်ကိုဩဂုတ် ၁၈ ရက်တွင် ထုတ်ပြန်လိုက်သည်။
အဆိုပါကြေညာချက်တွင် အီရန်အစိုးအား အမေရိကန်နှင့် နှစ် နိုင်ငံတိုက်ရိုက် အပြည့်အဝဆွေးနွေးပွဲများ ပြုလုပ်ရန်လည်း တိုက်တွန်းထားသည်။ အဖွဲ့သည် အနောက်နိုင်ငံများ နှင့် ဆွေးနွေးညှိနှိုင်းမှုကို ထောက်ခံသော ပြုပြင်ပြောင်းလဲရေးဝါဒီနိုင်ငံရေးပါတီများနှင့် အခြားအဖွဲ့အစည်းများ ပါဝင်ဖွဲ့စည်းထားသည်။
အီရန်နှင့် အမေရိကန်တို့အကြား ဧပြီလတွင်စတင်ခဲ့သော နျူကလီးယား အစီအစဉ်ဆိုင်ရာဆွေးနွေးပွဲများသည် ဇွန်လတွင် အမေရိကန်နှင့် အစ္စရေးတို့က အီရန်နျူကလီးယား စက်ရုံများကို တိုက်ခိုက်ပြီးနောက် ရပ်ဆိုင်းသွားခဲ့သည်။ အီရန်က ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် လျော်ကြေးပေးရမည်ဟု တောင်းဆိုထား သည်။
အီရန်အစိုးရသည် ယူရေနီယံသန့်စင်မှုကို ဆက်လက်လုပ်ဆောင် ရန် ခိုင်ခိုင်မာမာရပ်တည်ချက်ရှိနေစဉ် ယင်းကိစ္စကိုရပ်ဆိုင်းရန် တောင်းဆိုမှုမှာ အလွန်ရှားပါးသည့် အခြေအနေဖြစ်သည်။ အမေရိကန်ကလည်း အီရန်အားယူရေနီယံသန့်စင်မှုကို အပြီးအပိုင်စွန့်လွှတ်ရန် တောင်းဆိုထားသည်။
အဆိုပြုထားသော အစီအစဉ်များသည် ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီတို့အနေဖြင့် အီရန်အပေါ် ကုလသမဂ္ဂပိတ်ဆို့မှုများ ပြန်လည်အသက်သွင်းမည့် ယန္တရားကို အသုံးမပြုစေရန် ရည်ရွယ်ကြောင်း အဆိုပါအဖွဲ့ကပြောသည်။ ဩဂုတ်လကုန်အထိ အီရန်က နျူကလီးယားအရေးဆွေးနွေးမှုများ တိုးတက်မှုမရှိပါက ယင်းယန္တရားကို အသုံးပြုမည်ဟု ဥရောပသုံးနိုင်ငံက ခြိမ်းခြောက်ထားသည်။
အင်န်အိတ်ချ်ကေ
