တရုတ်နိုင်ငံမှ ၁၀ လကြာ သန္ဓေသားကို သယ်ဆောင်နိုင်ပြီး မွေးဖွားပေးနိုင်မည့် ကမ္ဘာ့ပထမဆုံး လူသားဆန်သည့် ကိုယ်ဝန်ဆောင်စက်ရုပ်ကို ဖွံ့ဖြိုးတိုးတက်အောင် တီထွင်လုပ်ဆောင်နေပါတယ်။

နန်ယန်းနည်းပညာတက္ကသိုလ်မှ ဒေါက်တာ Zhang Qifeng ဦးဆောင်သော ဤစီမံကိန်းသည် မျိုးမအောင်နိုင်သော ဇနီးမောင်နှံများကို ကူညီရန်နှင့် မွေးဖွားနှုန်းကျဆင်းနေမှုကို ဖြေရှင်းရန် ရည်ရွ
ယ်ပါတယ်။

အဆိုပါ ကိုယ်ဝန်ဆောင်စက်ရုပ်
တွင် အာဟာရပြည့်ဝသော သန္ဓေသားအရည်ကို အသုံးပြုထားပြီး ၂၀၁၇ ခုနှစ်တွင် လမစေ့ဘဲမွေးသော သိုးကလေးကို ကြီးထွားစေခြင်းကဲ့သို့သော တိရစ္ဆာန်စမ်းသပ်မှုများတွင် အောင်မြင်မှုများ ရရှိခဲ့ပါတယ်။

ယွမ် ၁၀၀,၀၀၀ ($14K) အောက်ဖြင့် ရရှိနိုင်မည့် ဤစက်ရုပ်ကို တစ်နှစ်အတွင်း အကောင်အထည်ဖော်နိုင်မယ်လို့ မျှော်မှန်းထားပါတယ်။ ဒါပေမဲ့ ၎င်းသည် ကိုယ်ဝန်ကို သဘာဝအတိုင်း မဆောင်နိုင်သူများအတွက် မျှော်လင့်ချက်ဖြစ်စေသလို၊ ကျင့်ဝတ်ဆိုင်ရာ ငြင်းခုံမှုများကိုလည်း ဖြစ်ပေါ်စေခဲ့ပါတယ်။

#news

image