အာဆင်နယ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းဘက်ကို ထောင့်ကန်ဘောကနေ ဂိုးသွင်းယူခဲ့ပါတယ် ။ ဒီဂိုးမှာ အာဆင်နယ်နောက်ခံလူ ဆလီဘာက မန်ယူနိုက်တက်ဂိုးသမား ဘာယင်ဒါကို တွန်းထားသလို ဖြစ်နေတယ်ဆိုပြီး စောဒကတက်မှုတွေ ရှိခဲ့ပါတယ် ။ ဒါပေမယ့် တကယ်တမ်းမှာတော့ မန်ယူနိုက်တက်အသင်းဟာ ထောင့်ကန်ဘောတွေကို တုန့်ပြန်တဲ့နေရာမှာ အားနည်းနေခဲ့တာပါ ။
"သူတို့ ထောင့်ကန်ဘောတွေကို တုန့်ပြန်တာပျော့လွန်းတယ်"
Roy Keane
အာဆင်နယ်ဟာ ဒုတိယပိုင်းမှာ မန်ယူနိုက်တက်ဂိုးပေးလိုက်ရတဲ့ပုံစံမျိုးအတိုင်း ထောင့်ကန်ဘောတစ်ကြိမ်ကို ရင်ဆိုင်ခဲ့ရပါတယ် ။ အာဆင်နယ်ဂိုးသမား ဒါးဗစ် ရာဟာ က မန်ယူနိုက်တက် နောက်ခံလူ ဒီလစ် ကာထားတဲ့ကြားကနေ ဘောလုံးကို ပုတ်ထုတ်သွားနိုင်ခဲ့တာပါ ။ ဒါကြောင့် ရွိုင်ကင်းပြောသလိုပါပဲ ၊ မန်ယူနိုက်တက်အသင်းကိုယ်တိုင်ကိုက ထောင့်ကန်ဘောတွေကို တားဆီးရာမှာ အားနည်းနေခဲ့တာပါ ။

image