12 w - Translate

◼ တိုင်းနှင့်ပြည်နယ်တချို့တွင် လေပြင်းတိုက်ခြင်းနှင့်မိုးသီးကြွေခြင်းများဖြစ်ပေါ်နိုင်
မိုးတိမ်တောင်များရွေ့လျားရာတစ်လျှောက် တိုင်းနှင့်ပြည်နယ်တချို့တွင် လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသီးကြွေခြင်းကဲ့သို့‌သော မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်လာနိုင်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်သည်။
ယနေ့(ဩဂုတ် ၁၇ ရက်)မွန်းလွဲ ၂ နာရီအချိန်ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ဧရာဝတီတိုင်း၊ ချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းနေကြောင်း မိုးဇလကထုတ်ပြန်ထားသည်။
အဆိုပါမိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးလေဝသဖြစ်စဉ်များဖြစ်သည့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများဖြစ်ပေါ်နိုင်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
နောက်နှစ်ရက်အတွင်းမုတ်သုံလေအားအသင့်အတင့်မှအားကောင်းနေမည်ဖြစ်ကာ မနက်ဖြန် (ဩဂုတ် ၁၈ ရက်)နံနက်ပိုင်းအထိ ခန့်မှန်းချက်များအရ ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း မိုးဇလကထုတ်ပြန်ထားသည်။
သတင်း - အင်ကြင်း
ဓာတ်ပုံ- CJ
#ပြည်တွင်းသတင်း

image