ဇနီးမောင်နှံနှစ်ယောက်လုံး ဇာတ်ပို့ ဇာတ်ရံတွေမို့ သူမတို့အလွှာအဖွဲ့အစည်းအတွက် အဲကွန်းလှူဒါန်းခဲ့တဲ့ နှိုင်းယှဉ်မြင့်မိုရ်
သရုပ်ဆောင် ကိုဘင်းနဲ့ နှိုင်းယှဉ်မြင့်မိုရ်တို့က ရုပ်ရှင်အစည်းအရုံး ဇာတ်ပို့ဇာတ်ရံအလွှာအခန်းမှာတပ်ဆင်ဖို့ အဲကွန်းတစ်လုံးနဲ့ငွေကျပ် ၂ သိန်းလှူဒါန်းခဲ့တာပါ။ နှစ်ဦးလုံးကလည်း ဇာတ်ပို့ဇာတ်ရံတွေဖြစ်ကြလို့ သူမတို့အလွှာအတွက်ဆို ဒီထက်ပိုလှူနိုင်အောင်ကြိုးစားမယ်လို့ နှိုင်းယှဉ်မြင့်မိုရ်ကဆိုပါတယ်။ နှိုင်းယှဉ်မြင့်မိုရ်တို့ဇနီးမောင်နှံဟာ လက်ရှိ မြောက်ဒဂုံမှာလည်း သူမတို့နေထိုင်ဖို့ နေအိမ်တစ်လုံးဆောက်လုပ်နေတာလည်း ဖြစ်ပါတယ်။