""""""ဝေး""""
မဆုံဖြစ်တော့ဘူးဆိုတော့
ဝေးရုံကြပေါ့ အချစ်ရယ် ။
ကမ္ဘာကြီးက ကျဥ်းကျဥ်းလေးတဲ့
ဒါပေမဲ့ ကျနော်တို့ ဆုံမှတ်တွေ
လွဲခဲ့ကြတယ် ။
ကျနော်မှာ ရှိတာဆိုလို့
ကဗျာရယ် စာရယ်
ကျနော်စကားပြောပြောနေတဲ့
ကောင်းကင်ကြီးတစ်ခုရယ်ပေါ့ ။
အတိတ်တွေကို
ပြန်တွေးတိုင်း နှလုံးခုန်သံတွေက
မြန်မြန်လာတယ်
အတိတ်ဟာ သူ့နေရာနဲ့သူ
နေသားတကျရှိနေပြီဆိုပေမဲ့ ။
မင်းဟာ
ကိုယ့်ရဲ့ မေ့မရခဲ့သော
အတိတ်လေး တစ်ခုပေါ့ ။
ထားသွားခြင်းမဟုတ်တဲ့
ဇာတ်လမ်းလေး တစ်ခုမှာ
ဆုံမှတ်တွေလွဲနေရင်လဲ ဝေးခဲ့ကြရပါတယ် ။
ကမ္ဘာကြီးက ကျဥ်းကျဥ်းလေးတဲ့
အခုထိ ကျနော်တို့
ပြန်မဆုံတာတော့
ကြေကွဲစရာပါပဲ ။
ခက်ဆစ်ဝိုင်