13 w - Translate

ဒီအဖြစ်အပျက်ဟာ ၁၉၃၉ ခုနှစ်မှာ ပီရူးနိုင်ငံမှာ ဖြစ်ပွားခဲ့တာပါ Lina Medina လို့အမည်ရတဲ့ အသက် ၅ နှစ်အရွယ် ကလေးမလေးတစ်ယောက်ရဲ့ ဝမ်းဗိုက်ဟာ မယုံနိုင်လောက်အောင် ဖောင်းကားလာတာကို မိဘတွေက သတိထားမိခဲ့ကြပါတယ်
ကင်ဆာကျိတ် ဖြစ်ပွါးနေမှာကို စိုးရိမ်ပြီး သူ့မိဘတွေဟာ Lina ကို မြို့ပေါ်ဆေးရုံကို ချက်ချင်းခေါ်သွားခဲ့ပါတယ် ဆရာဝန်တွေရဲ့ စစ်ဆေးမှုရလဒ်ကတော့ ကင်ဆာကျိတ်ထက်တောင် ပိုပြီး ထိတ်လန့်စရာကောင်းနေခဲ့ပါတယ်
Lina ရဲ့ဝမ်းဗိုက်ထဲမှာ ကင်ဆာကျိတ်မဟုတ်ဘဲ ကိုယ်ဝန် ၇ လ ရှိနေတာကို ဆရာဝန်တွေ တွေ့ရှိခဲ့ကြပါတယ် ဆက်လက်စစ်ဆေးကြည့်တဲ့အခါမှာတော့ Lina မှာ "precocious puberty" လို့ခေါ်တဲ့ ရှားပါးရောဂါတစ်မျိုး ရှိနေတာကို တွေ့ရှိခဲ့ပါတယ် ဒီရောဂါကြောင့် သူမရဲ့ ခန္ဓာကိုယ်ဟာ ပုံမှန်ကလေးတွေထက် စောစီးစွာ ရင့်ကျက်ဖွံ့ဖြိုးလာခဲ့ပြီး အသက် ၈ လအရွယ်ကတည်းက ရာသီစတင်လာခဲ့တာကို တွေ့ရှိခဲ့ရပါတယ်
နောက်ဆုံးမှာတော့ Lina ဟာ ကျန်းမာသန်စွမ်းတဲ့ သားလေးတစ်ဦးကို ခွဲစိတ်မွေးဖွားနိုင်ခဲ့ပါတယ် မွေးဖွားချိန်မှာတော့ သူမဟာ အသက် ၅ နှစ်၊ ၇ လနဲ့ ၂၁ ရက်သာ ရှိပါသေးတယ် ဒါကြောင့် သူမကို ကမ္ဘာပေါ်မှာ အသက်အငယ်ဆုံးမိခင်အဖြစ် သတ်မှတ်ခဲ့ပါတယ်
ဒီလိုအဖြစ်အပျက်မျိုးဟာ တစ်ကမ္ဘာလုံးကို အံ့အားသင့်စေခဲ့တာကြောင့် အင်တာဗျူးဖို့အတွက် ကမ်းလှမ်းမှုများစွာ ရရှိခဲ့ပေမဲ့ သူမရဲ့မိသားစုကတော့ အားလုံးကို ငြင်းဆန်ခဲ့ပါတယ်Lina ကိုယ်တိုင်ကလည်း နောက်ပိုင်းမှာ သူ့သားရဲ့ဖခင်ဖြစ်သူကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိခဲ့ပါဘူးသူမရဲ့သားကိုလည်း သူမရဲ့မောင်လေးအဖြစ် ပြုစုပျိုးထောင်ခဲ့ရပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts

image