◼ ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက်ဒေါ်နယ်ထရန့်ကိုကမ္ဘောဒီးယားအမည်စာရင်း တင်သွင်း
ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် အမေရိကန်သမ္မတဒေါ်နယ်ထရန့်အား အမည်စာရင်းတင်သွင်းလိုက်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်ကပြောကြားပြီး ကမ္ဘောဒီးယားနှင့်ထိုင်းတို့ကြားက နယ်စပ်ပဋိပက္ခအား ရပ်တန့်ရာတွင် ထရန့်၏ တစ်မူထူးခြားသောနိုင်ငံခေါင်းဆောင်အရည်အချင်းကို ချီးကျူးခဲ့သည်။
ယင်းကြေညာချက် ကို ဟွန်မာနက်က ယမန်နေ့ညနေပိုင်းတွင် ဖေ့စ်ဘွတ်ပေါ်မှ ဖော်ပြခဲ့ကာ နော်ဝေအခြေစိုက် နိုဘယ် ကော်မတီသို့ ပေးပို့လိုက်သည်ဆိုသော စာကိုလည်း ဖော်ပြခဲ့သည်။
ကြီးမားကျယ်ပြန့်သွားနိုင်ခြေရှိသော ပဋိပက္ခကိုဒေါ်နယ်ထရန့်၏ အချိန်မီ ဝင်ရောက်တားဆီးမှုကြောင့် ရှောင် လွှဲ နိုင်ခဲ့ကာ လူအမြောက်အမြား အသက်ဆုံး ရှုံးမှုကို ကာကွယ်ရာတွင်လည်းအခရာကျခဲ့ပြီး နှစ်နိုင်ငံကြား ငြမ်း ချမ်း ရေး ပြန်လည်ရရှိရန် လမ်းခင်းပေးခဲ့ကြောင်း ဟွန်မာနက် က စာထဲတွင် ပြောကြားထားသည်။
ဇူလိုင် ၂၆ ရက်တွင် ထိုင်းနှင့်ကမ္ဘောဒီးယား ခေါင်းဆောင်များအား ဒေါ်နယ်ထရန့် ကဖုန်းခေါ်ဆိုခဲ့ ပြီးနောက် ဇူလိုင် ၂၈ ရက်၌ အာဆီယံ ဥက္ကဌ မလေးရှားနိုင်ငံတွင် နှစ်ဖက်ငြိမ်းချမ်း‌ရေး နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ကြသည်။
တိုက်ခိုက်မှုများပြန်လည် မဖြစ်ပေါ်စေရေး နှင့် အရှေ့တောင်အာရှမှ လေ့ လာသူများအား ခွင့်ပြုရေးတို့ကိုလည်း ထိုင်းနှင့် ကမ္ဘောဒီးယားတို့က ယမန်နေ့တွင် ထပ်မံ သဘောတူခဲ့ကြသည်။
လက်နက်ငယ်များနှင့် ပစ်ခတ်မှုမှသည် လက်နက်ကြီးများဖြင့် ပစ်ခတ်မှု နှင့်ထိုမှတစ်ဆင့်ဒုံးကျည်များ ၊ တိုက် လေ ယာဉ်များအသုံးပြုမှုအထိ ကြီးထွားသွားခဲ့သော နှစ်နိုင်ငံ နယ်စပ်ပြဿနာကြောင့် စုစုပေါင်း လူ ၄၃ ဦး သေ ဆုံး ပြီး သုံးသိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးမှုဖြစ်ပေါ်ခဲ့သည်။
အိန္ဒိယနှင့် ပဋိပက္ခအားဖြေရှင်းရာတွင် ပါဝင်ခဲ့သော အခန်းကဏ္ဍအတွက် ထရန့်အားငြိမ်းချမ်း‌ရေးနိုဘယ် ဆု အ တွက် ထောက်ခံချက်ပေးသွားမည်ဖြစ် ကြောင်း ပါကစ္စတန် က ဇွန်လအတွင်း ပြောကြားခဲ့သည်။
ထို့ပြင်ထရန့်အား ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် အမည်စာရင်း တင်သွင်းလိုက်ကြောင်း အစ္စ‌ရေးဝန်ကြီးချုပ် နေ တန်ယာဟုက ပြီးခဲ့သည့်လအတွင်း ပြောကြားခဲ့သည်။
နိုဘယ်ငြိမ်းချမ်း‌ရေးကော်မတီ က ဆုအတွက် နှစ်စဉ် ရာပေါင်းများစွာသော အမည်စာရင်းတင်သွင်းမှုရရှိပြီး ယင်း ဆုများကို အောက်တိုဘာလတွင် စတင်ကြေညာလေ့ရှိသည်။
ဒေါ်နယ်ထရန့်ကြောင့် ထိုင်းနှင့်ကမ္ဘောဒီးယား၊ အစ္စရေးနှင့်အီရန်၊ ရဝမ်ဒါနှင့်ကွန်ဂို၊ အိန္ဒိယနှင့်ပါကစ္စတန်၊ ဆာဘီး ယားနှင့်ကိုဆိုဗို၊ အီဂျစ်နှင့် အီသီယိုးပီးယား တို့ကြားက ပဋိပက္ခများ အဆုံးသတ်ခဲ့ကြောင်း အိမ်ဖြူတော် ပြန်ကြား ရေးမှူး ကယ်ရိုလင်းလီဗစ် က ချီးကျူးပြောကြားသည်။
ဒေါ်နယ်ထရန့်သည်ယနေ့မှာပင် အာမေးနီးယားနှင့်အဇာဘိုင်ဂျန် ခေါင်းဆောင်တို့အား ငြိမ်းချမ်း‌ရေးအတွက် အိမ်ဖြူတော်၌ လက်ခံတွေဆုံသွားမည်ဖြစ် ကြောင်း သိရသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters
#နိုင်ငံတကာသတင်း

image