ဘဝဆိုတာ တိုတိုလေး
ပိုက်ဆံမရှိရင်တောင်
ကျန်းမာနေသေးပါလားဆိုတဲ့
အသိနဲ့ ပျော်အောင်နေပါ။
မကျန်းမာရင်လည်း
အသက်ရှင်နေပါသေးတယ်ဆိုတဲ့
အသိနဲ့ ပျော်အောင်နေပါ။
အခု မွဲနေသေးရင်လည်း
နောင်တနေ့ ချမ်းသာမယ်ဆိုတဲ့
အသိနဲ့ ပျော်အောင်နေပါ။
ဆုံးရှုံးဖူးခဲ့ရင်လည်း
သင်ခနိးစာရခဲ့တယ်ဆိုတဲ့
အတွေးနဲ့ ပျော်အောင်နေပါ။
ကလေး မရခဲ့ရင်လည်း
လင်မယားနှစ်ယောက်တည်း
အေးချမ်းပါတယ်ဆိုပြီး ပျော်အောင်နေပါ။
သူများတွေ စားနေသောက်နေတာ
အီဖယ်မျှော်စင်ရှေ့မှာ ဓါတ်ပုံရိုက်တာ
ဝိုင်ခွက်လေးတွေနဲ့ ရှိနေတာ
အိမ်ကြီး အိမ်ကောင်းတွေနဲ့
ရှိနေတာကြည့်ပြီး
ကိုယ့်မှာမရှိလို့ အားမငယ်ကြပါနဲ့ ။
အစားအစာဆိုတာ မစားခင်နဲ့
စားနေတုန်းလေးပဲ စားချင်စရာပါ
ဗိုက်ပြည့်သွားရင်
လှည့်ကြည့်ချင်စရာ မရှိတော့ပါဘူး။
အရက်အကောင်းစားလည်း
တကယ်တမ်းတော့
သောက်ပြီး ဘာမှမထူးပါဘူး။
ခရီးတွေထွက်လည်း ခရီးပန်းပါတယ်
နေပူထဲ ဓါတ်ပုံရိုက်တော့ ပူပါတယ်။
အိမ်ကြီးတော့ စရိတ်ကြီး
ထိန်းသိမ်းရ ခက်ပါတယ်။
အမှန်တကယ် လုပ်ပြနေတဲ့သူတွေက
အများထင်သလို မပျော်ကြပါဘူး
လူတိုင်းမှာအပူရှိသလို ဒုက္ခရှိပါတယ်။
ဒါတွေကို နားလည်ပြီဆိုရင်တော့
ပျော်လိုက်ပါတော့
အခုပဲပျော်ပါ ဒီနေ့ပဲပျော်ပါ။
ပျော်စရာရှာကြံပြီး အမြဲပျော်အောင်နေပါ
ဘဝဆိုတာ တိုတိုလေးမို့
ပျော်အောင်နေပါ။
(Credit)