◼ အာရှ-ပစိဖိတ် ဒေသတွင် ရုရှားနှင့်တရုတ်ရေတပ် ပူးတွဲကင်းလှည့်မည်
မကြာသေးခင်က ဂျပန်ပင်လယ်တွင် လေ့ကျင့်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် အာရှ-ပစိဖိတ်ဒေသတွင် ရုရှားနှင့်တရုတ်ရေတပ်သင်္ဘောများ ပူးတွဲကင်းလှည့်ကြမည် ဖြစ်ကြောင်း ရုရှားအင်တာဖက်စ်သတင်းဌာနက ယနေ့ ဖော်ပြသည်။
အာရှ-ပစိဖိတ်ဒေသတွင် ပူးတွဲကင်းလှည့်မစ်ရှင်များဆောင်ရွက်ရန် ရုရှားရေတပ်နှင့် တရုတ်ရေတပ် အဖွဲ့များက လုပ်ငန်းအုပ်စုအသစ်များကို ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း ရုရှားပစိဖိတ်ရေတပ်အုပ်စု၏ သတင်း ထုတ် ပြန်ချက်အား ကိုးကား၍ အင်တာဖက်စ် သတင်းဌာနက ဖော်ပြသည်။
ရုရှားနှင့် တရုတ်ရေတပ်နှစ်ဖွဲ့က ဩဂုတ် ၁ ရက်မှာ ၅ ရက်အထိ ဂျပန်ပင်လယ်တွင် ပူးတွဲလေ့ကျင့်မှုများ လုပ်ဆောင်ခဲ့ကြကာ ယင်းလေ့ကျင့်မှုများတွင် လက်နက်ကြီးများပစ်ခတ်ခြင်း၊ ရေငုပ်သင်္ဘောချေမှုန်းခြင်း နှင့် လေကြောင်းကာကွယ်ရေးမစ်ရှင်များ ပါဝင်ပြီး ပင်လယ်ပြင် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ လေ့ကျင့်မှုများ၏ နောက်ဆုံးအဆင့်တွင် ရုရှားနိုင်ငံမှ ကြီးမားသော ရေငုပ် သင်္ဘောတိုက်ဖျက်ရေးသင်္ဘောကြီး Admiral Tributs နှင့် စစ်သင်္ဘော Gromky တို့က တရုတ်ရေတပ် ဖျက်သင်္ဘော Shaoxing ၊ Urumqi တို့နှင့်အတူ ကျည်အစစ်များဖြင့် ပစ်ခတ်လေ့ကျင့်ခြင်း၊ ရန်သူ ရေငုပ်သင်္ဘောအတု တစ်ခုအား ရှာဖွေ ၊ ဖျက်ဆီးပစ်ခြင်း များကို လေ့ကျင့်ခဲ့ကြကြောင်း အင်တာဖက်စ် သတင်းက ဖော်ပြသည်။
ယင်းလေ့ကျင့်မှုများမှာ ကာကွယ်ရေးသဘောသဘာဝသာ ရှိပြီး မည်သည့်နိုင်ငံကိုမျှ ဦးတည်ထားခြင်း မရှိကြောင်း ရုရှားပစိဖိတ် ရေတပ်အုပ်စု က စောစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
၂၀၂၂ ခုနှစ်တွင် ရုရှားက ယူကရိန်းအား မကျူးကျော်မီ အကန့်အသတ်မရှိ မဟာဗျူဟာမြောက် မိတ်ဖက်သဘောတူညီမှုကို လက်မှတ်‌ရေးထိုးထားခဲ့ကြသည့် ရုရှားနှင့် တရုတ် တို့က ပုံမှန်လေ့ကျင့်မှုများ လုပ်ဆောင်ခဲ့ကြကာ ၎င်းတို့လက်နက်ကိုင်တပ်ဖွဲ့များကြား ချိတ်ဆက်လုပ်ဆောင်နိုင်စွမ်းကို ဇာတ်တို က် လေ့ ကျင့်ကြရင်း ရန်သူများထံသို့ ဟန့်တားမှုအရိပ်အယောင်များ ပေးပို့ကြကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။
သတင်း-ရဲမင်း
ကိုးကား- Reuters
#နိုင်ငံတကာသတင်း

image