“မြန်မာပလာဇာ ကားပါကင်မှာ အမျိုးသမီးတဦး အသတ်ခံရ”
ရန်ကုန်မြို့က အင်းယားကန်ဘောင်အနီး မြန်မာပလာဇာ ကားပါကင်မှာ သြဂုတ်လ ၅ ရက်နေ့ ညနေ ၅ နာရီ ဝန်းကျင်က အမျိုးသမီးတဦး ဓားနဲ့ထိုးခံရကာ သ-တ်ဖြ-တ်ခံခဲ့ရတယ်လို့ သိရပါတယ်။
အသက် ၆၀ ဝန်းကျင် အမျိုးသမီးတဦးကို အမျိုးသား ၂ ဦးက ဓားနဲ့ ထိုးသွားတာ ဖြစ်တယ်လို့ သိရပြီး ဖြစ်စဥ်အသေးစိတ်ကိုတော့ စုံစမ်းဆဲဖြစ်တယ်လို့ သိရပါတယ်။
ဓားဒဏ်ရာတွေနဲ့ တွေ့တာကြောင့် လုံခြုံရေးအဖွဲ့တွေက လူနာတင်ကားခေါ်ကာ ဆေးရုံပို့ခဲ့ကြပေမယ့် လမ်းမှာပဲ သေဆုံးခဲ့တာဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။
CCTV မှတ်တမ်းအရ အမျိုးသား ၂ ဦးက လုပ်ကြံ သတ် ဖြတ်တာ ဖြစ်နိုင်တယ်လို့ အရပ်စကားတွေအရ သိရပြီး မြန်မာပလာဇာ ဘက်ကတော့ အခုထိ တစုံတရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
