14 w - Translate

ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ် နှစ်ခုစလုံးမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ဗြိတိန်စစ်သားတစ်ဦးဖြစ်သူ ဆာအေဒြီယန်ကာတွန်ဒီဝါ့တ် (Sir Adrian Carton de Wart) ဟာ စစ်ပွဲတွေအတွင်း မျက်နှာ၊ ဦးခေါင်း၊ ဝမ်းဗိုက်၊ ခြေချင်းဝတ်၊ ခြေထောက်၊ တင်ပါးနဲ့ နားရွက်တိုမှာ သေနတ်ဒဏ်ရာတွေ ရခဲ့ပါတယ် အဲ့ဒါ့အပြင် လေယာဉ်ပျက်ကျမှု ၂ ကြိမ်မှာလည်း အသက်ရှင်လွတ်မြောက်ခဲ့ပါတယ်
နောက်ပြီးစစ်သုံပန်းစခန်းတစ်ခုကနေ မြေအောက်လှိဏ်ခေါင်းတူးပြီး ထွက်ပြေးခဲ့ဖူးပါတယ် ပိုပြီးအံ့ဩဖို့ကောင်းတာက သူဟာ ပြင်သစ်နိုင်ငံက တိုက်ပွဲတစ်ခုအတွင်း လက်မှာပြင်းထန်တဲ့ ဒဏ်ရာရရှိခဲ့ပါတယ် ဆရာဝန်က လက်ချောင်းတွေ ဖြတ်တောက်ပေးဖို့ ငြင်းဆိုခဲ့တာကြောင့် သူကိုယ်တိုင်ဘဲ သူ့ဘာသာ သူ့လက်ချောင်းနှစ်ချောင်းကို သွားနဲ့ ကိုက်ဖြတ်ပစ်ခဲ့ပါတယ်
ပထမကမ္ဘာစစ်အပြီးမှာ သူ့ရဲ့စစ်ပွဲအတွေ့အကြုံကို မေးမြန်းတဲ့အခါမှာတော့ သူက “ရိုးရိုးသားသားပြောရရင် ကျွန်တော် စစ်ပွဲကို နှစ်သက်ခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ် စစ်ပွဲမှာ ဒဏ်ရာတွေရတာဟာ ကိစ္စကြီးကြီးမားမားမဟုတ်ဘဲ သာမန်ဒဏ်ရာရသလိုဘဲ ခံစားရတယ်လို့လည်း မှတ်ချက်ပေးခဲ့ပါတယ် လူတွေအားလုံးလည်း အံ့အားသင့်ခဲ့ရပြီး ဒီလို စိတ်ဓာတ်နဲ့ အသက်ရှင်သန်နိုင်စွမ်းကြောင့် သူ့ကို ဂန္တဝင်စစ်သားတစ်ဦးအဖြစ် ယနေ့တိုင် မှတ်တမ်းတင်ထားကြတာဖြစ်ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts

image