ဟာသလိုမျိုး ထင်ရပေမဲ့ ဒီအကြောင်းအရာကို သိပ္ပံပညာက သက်သေပြနေပါတယ် နွားတွေဟာ တကယ်ကိုဘဲ ကန်းထရီးဂီတ (country music) ကို မကြိုက်ကြပါဘူး
လေ့လာမှုတွေအရ နွားတွေက ကန်းထရီးဂီတကို နားထောင်ရတဲ့အခါ နိုထွက်နှုန်း လျော့နည်းလာတာကို တွေ့ရှိခဲ့ရပါတယ် ဒါဟာ ဂီတရဲ့ စည်းချက်၊ အသံအမြင့်အနိမ့် ဒါမှမဟုတ် စိတ်ခံစားမှုဆိုင်ရာ ကြောင့်ဖြစ်နိုင်ပြီး ဒီ ဂီတအမျိုးအစားက နွားတွေကို စိတ်ဖိစီးစေတာ ဒါမှမဟုတ် သူတို့ရဲ့ သဘာဝစည်းချက်ကို ပျက်ပြားစေတာမျိုး ဖြစ်နိုင်ပါတယ်
စိတ်ဝင်စားစရာကောင်းတာကတော့ ဂန္ထဝင်ဂီတ (classical) ဒါမှမဟုတ် သာယာငြိမ့်ညောင်းတဲ့ တေးဂီတ (soft ambient music) လို တခြားဂီတအမျိုးအစားတွေကို နားထောင်တဲ့အခါမှာတော့ နွားတွေဟာ စိတ်အပန်းပြေကြပြီး နိုထွက်နှုန်း ပိုမိုတိုးလာတာကိုတွေ့ရှိရပါတယ်
လူတွေဟာ ကန်းထရီးသီချင်းတွေကို နားဆင်ပြီး ပျော်ရွှင်နိုင်ပေမဲ့ နွားတွေကတော့ သာယာငြိမ့်ညောင်းတဲ့ ဂီတကိုသာ ကြိုက်နှစ်သက်ကြပါတယ် ဒါကြောင့် နွားတွေမှာ ဂီတခံစားနိုင်စွမ်းရှိပြီး သူတို့ရဲ့ နိုထွက်နှုန်းကနေတစ်ဆင့် သူတို့ရဲ့ဂီတအကြိုက်ကို ထုတ်ဖော်ပြသနေပါတယ်