Pura 70 Pro ဆိုတဲ့ဖုန်းက ရေထဲကို ၂၄ နာရီလောက် ရောက်သွားခဲ့ပါတယ် ဘာရေစိုခံအိတ် ၊ ရေလုံအိတ်တွေ မပါပဲ
ဖုန်းမှာတပ်ထားတဲ့ Liquid Cooling Case တစ်ခုနဲ့တင် ရေအောက်ထဲရောက်သွားတာပါတဲ့
ရေထဲ တကယ်ရောက်မရောက် ပုံမှာတင် ရွှံ့တွေတွေ့နေရပါတယ်
ပိုင်ရှင်က ရေထဲပြုတ်ကျသွားတဲ့ဖုန်းကို ပြန်ဆယ်ယူအပြီးမှာ Power ခလုတ်နှိပ်လိုက်တော့ ဖုန်းက တန်းပွင့်လာပါသတဲ့
Pura 70 Pro က IP68 Rating ပါဝင်တာပါ ရေအနက် တစ်မီတာမှာ မိနစ် ၃၀ ခံနိုင်တဲ့ သတ်မှတ်ချက်ပေါ့ အခုကတော့ ၂၄ နာရီလောက် ရောက်သွားတာ တောင် သုံးလို့ရသေးတယ်လို့ ပိုင်ရှင်က ဆိုပါတယ်
Pura 70 Pro ရဲ့ ရေဒဏ်ခံနိုင်မှုကတော့ အံ့မခန်းပါပဲ
တစ်ခုသတိပေးချင်တာက IP Rating ပါတိုင်း ဖုန်းကိုရေထဲစိမ်တာတွေဘာတွေ မလုပ်သင့်ပါဖူး Water Damage ကို ဘယ်ဖုန်းဘရန်းကမှ Cover မပေးပါဖူး