6 ပတ် - ဘာသာပြန်ပါ။

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ထိုင်းရောက် မြန်မာများအတွက် ဩဂုတ် ၆ ရက်တွင် CI ရုံးများ ဖွင့်ပေးသွားမည်
ထိုင်းနိုင်ငံ၌ရောက်ရှိနေပြီး CI စာအုပ်လဲရန် လိုအပ်နေသည့် မြန်မာနိုင်ငံသားများအတွက် ဩဂုတ် ၆ ရက်တွင် CI ရုံးများ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားညွှန်ကြားရေးမှူးချုပ်က စာထုတ်ထားကြောင်း သိရသည်။
၂ဝ၂၆ ခုနှစ်တွင် သက်တမ်းကုန်မည့်သူများအနေဖြင့် CI ရုံးများ ဖွင့်ချိန်တွင် တစ်ပါတည်းလဲလှယ်နိုင်ပြီး ၂ဝ၂၇ ခုနှစ်တွင် သက်တမ်းကုန်မည့်သူများ အနေဖြင့် ပြဿနာတစ်စုံတစ်ရာမရှိပါက သက်တမ်းကုန်ဆုံးမှသာ လဲလှယ်နိုင်ကြောင်း သိရသည်။
CI စာအုပ်မှာထိုင်းနိုင်ငံအတွင်း ပတ်စ်ပို့စာအုပ်မရှိသည့်ရွှေ့ပြောင်း မြန်မာလုပ်သားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်အဖြစ် ထုတ်ပေးသည့် စာအုပ်ဖြစ်ကြောင်း သိရသည်။

image