#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ကမ်းရိုးတန်းရေတိုက်စားမှုကြောင့် ချီလီကမ်းခြေ ၁ဝ ခု ပျောက်ကွယ်နိုင်
ချီလီနိုင်ငံအလယ်ပိုင်းနှင့် တောင်ပိုင်းဒေသကမ်းရိုးတန်းများတွင် ရေတိုက်စားမှုပြဿနာနှင့် ရင်ဆိုင်နေရပြီး လာမည့်၁ဝ နှစ်အတွင်း အနည်းဆုံးကမ်းခြေနေရာ ၁ဝ ခု ပျောက်ကွယ်သွားနိုင်ကြောင်း ချီလီသိပ္ပံပညာရှင်များက ဇူလိုင် ၃ဝ ရက်တွင် သတိပေးထားသည်။
ချီလီသိပ္ပံပညာရှင်များသည် နိုင်ငံအလယ်ပိုင်းနှင့် တောင်ပိုင်း ကမ်းရိုးတန်းများတစ်လျှောက်ရှိကမ်းခြေ ၆၇ ခု ရေတိုက်စားခံရမှုအခြေအနေများကို လေ့လာစူးစမ်းခဲ့ကြသည်။
လေ့လာချက်မှ ပေါ်ထွက်လာသော ရလဒ်များအရ အထက်ပါကမ်းခြေ ၆၇ ခု အနက် ၈၆ ရာခိုင်နှုန်းမှာ ဆောင်းရာသီနှင့်နွေရာသီကာလများ မှာပင် အရွယ်အစား တဖြည်းဖြည်း ကျုံ့ဝင်လာသည်ကို တွေ့ရကြောင်း ချီလီသိပ္ပံပညာရှင်များက ပြောကြားသည်။
အထူးသဖြင့် အထက်ပါကမ်းခြေများအနက် ကမ်းခြေ၁ဝ ခုရင်ဆိုင်နေရသော ရေတိုက်စားခံရမှုနှုန်းမှာ အခြားကမ်းခြေများထက် နှစ်ဆပိုမြင့်မားကြောင်း ချီလီသိပ္ပံပညာရှင်များ၏ အဆိုအရသိရ သည်။
လက်ရှိအခြေအနေအရ ယင်းကမ်းခြေ ၁ဝ ခုသည် နောင်လာမည့် ၁ဝ နှစ်အတွင်း ပျောက်ကွယ်သွားနိုင်ကြောင်း သိပ္ပံပညာရှင်များက ခန့်မှန်း ထားသည်။
ကမ်းရိုးတန်းရေတိုက်စားမှုပြဿနာ မြင့်မား လာရခြင်း၏ နောက်ကွယ်တွင် ရာသီဥတုပြောင်းလဲ မှု၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှု၊ ရုတ်တရက် မိုးကြီးမှုနှင့် အပူလှိုင်းကျရောက်မှုကဲ့သို့သော ဖြစ်စဉ် များရှိနေကြောင်း ချီလီသိပ္ပံပညာရှင်များကခန့်မှန်း ထားသည်။
ယင်းအပြင် မြို့ပြများမဆင်မခြင်ချဲ့ထွင်မှုနှင့် မြစ်ဝှမ်းဒေသများ ထိခိုက်ပျက်စီးမှုတို့သည်လည်း ကမ်းရိုးတန်းရေတိုက်စားမှု ပြဿနာနှင့် ဆက်စပ်နေကြောင်း သိရသည်။
အေပီ

image