5 w - Translate

ဒုတိယအကြိမ်မြောက် ဦးနှောက်ခွဲစိတ်မှုပြုလုပ်ခဲ့တဲ့ ဖခင်ကို လုပ်ကျွေးပြုစုရင်း ကျေနပ်ပီတိတွေဖြစ်နေရတဲ့ နန်းမြတ်ဖြိုးသင်း
သရုပ်ဆောင်နန်းမြတ်ဖြိုးသင်းက သူမဖခင်ဟာ ဒုတိယအကြိမ်မြောက် ဦးနှောက်ခွဲစိတ်မှုထပ်မံပြုလုပ်ခဲ့ရတာပါ။ ပထမအကြိမ်က ၂၀၀၉ ခုနှစ်ကလုပ်ခဲ့ရတာဖြစ်ပြီး ဒုတိယအကြိမ်အဖြစ် ယခုသက်တမ်းထပ်တိုးရတာဖြစ်တယ်လို့ နန်းမြတ်ကပြောပါတယ်။ ခွဲစိတ်မှုပြုလုပ်ပြီးချင်းမှာပဲ ဖခင်နဲ့တွေ့ချိန် ဖခင်က သမီးရောက်လာမှပဲအားရှိတော့ကြောင်းပြောတာကြောင့် မိဘတွေဟာ အသက်အရွယ်ကြီးရင့်လာချိန် ကလေးတစ်ယောက်လိုဖြစ်လာပြီး သားသမီးတွေအပေါ်မှီခိုတတ်လာတာကြောင့် မိဘတွေကိုအသက်ရှိစဉ်တန်ဖိုးထားအချိန်ပေးဖို့နဲ့ဆုံးရှုံးလိုက်ရမှ မငိုဖို့ကို သူမက သတိပေးပြောပြထားတာပါ။

image