1 w - Translate

Vi*ru*pak*sha [ 2/0/2/3 ]

ရုံတင်ငွေကုဋေကိုးဆယ်နီးနီးရရှိခဲ့တဲ့
Mystery ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်

ဇာတ်လမ်းအစမှာ တစ်ရွာလုံးကကလေးတွေကို
ကျိန်စာတိုက်နေပါတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့လင်မယားနှစ်ယောက်ကိုမီးပုံရှိနေပါတယ်

ဒီထဲက ဇနီးဖြစ်သူက နောက် 12 နှစ်ကြာပြီးတဲ့အချိန်မှာ
ဒီရွာဟာသုသာန်တစပြင်ဖြစ်ရမယ်လိုကျိန်စာတိုက်ထားခဲ့ပါတယ်

12 နှစ် ကြာပြီးတဲ့အချိန် ရူဒရာဗန်နမ်ဆိုတဲ့ကျေးရွာလေးဟာပွဲတော်တစ်ခုကျင်းပဖိုပျော်ရွှင်နေကြချိန်
ရွာသားတစ်ယောက်ထူးဆန်းစွာသေဆုံးမှုကြောင့်
ဘုန်းတော်ကြီးကနေ ဒီရွာကို 8 ရက်တိုင်တိုင်ပိတ်ချ ၊ အပြင်လူအားလုံးတစ်ရက်အတွင်းပြန်ရမယ်ဆိုတဲ့စည်းကမ်းချမှတ်လိုက်ပါတယ်

ဒီစည်းကမ်းကို‌အကြောင်းအမျိုးမျိုးနဲ့ ချိုးဖောက်ပြီး ထွက်သွားကြသူတွေဟာလည်း ထူးဆန်းသွားသေဆုံးသွားကြပါတယ်

ဒီချိန်မှာရွာရောက်နေတဲ့ ဆူရီယာဆိုတဲ့ မြိုသားတစ်ယောက်ဟာ ရွာခံနန်ဒီနီ့ကိုချစ်မိပြီး ထွက်သွားပြီးမှ နန်ဒီနီ့ကျန်းမာရေးအတွက် ပြန်ဝင်လာခဲ့ပါတယ်

ဘယ်လောက်ပဲဆန်းကြယ်ပါစေ အဖြေရှာတွေ့စမြဲပါပဲ ဒီထဲကဆန်းကြယ်မှုတွေကိုရော ဆူရီယာကဘယ်လိုအဖြေရှာဖော်ထုတ်မလဲ ရင်တထိတ်ထိတ် ရှုစားကြည့်ပါဦး....

image