1 w - Translate

အတင်းလုပ်မပြနဲ့

ဘာပဲလုပ်လုပ် ကိုယ်လုပ်နိုင်ကြောင်း
ပြချင်ရုံသက်သက်နဲ့ အတင်းလုပ်မပြပါနဲ့
သဘာဝအတိုင်း ပုံမှန်လေးပဲ လုပ်ပါ
ပါရမီရှိကြောင်းမှန်ရင် လုပ်ပြစရာ မလိုပါဘူး။

တန်ဖိုးရှိတဲ့ အရာကို တန်ဖိုးသိသူတွေ မြင်ပါတယ်
တန်ဖိုးရှိမှန်း မသိသူတွေကသာ တန်ဖိုးရှိတဲ့ အရာကို
မြင်နေလျက်နဲ့ မျက်ကွယ်ပြုသွားတတ်ကြတာ
ဖြစ်ပါတယ်။

အလုပ်ကို အားကြိုးမာန်တက် လုပ်နိုင်တာက
သက်လုံကောင်းသလို ထင်ရပေမယ့်၊ လူတွေ အမြင်မှာ
လောဘကြီးသလို၊ အစွဲကြီးသလိုမျိုး အထင်အမြင်လွဲ
ချင်စရာ ဖြစ်သွားနိုင်ပြီး၊ မလုပ်နိုင်ဘဲ မလုံစိတ်နဲ့
အတင်းလုပ်ပြသလို ဖြစ်သွားတတ်ပါတယ်။

ဒါကြောင့် ဘယ်တော့မှ လိုတာထက် ပိုမလုပ်ပါနဲ့
ပုံမှန်လေးပဲ လုပ်ပြပါ လုပ်တတ်ရိုးမှန်ရင် လုပ်နိုင်တဲ့သူ
တွေကို အခွင့်ကောင်းယူတတ်သူတွေက ခိုင်းစား
တတ်ပါတယ်။

ဒါကြောင့် လိုတာထက်ပိုပြီး စွမ်းရည်ထုတ်မပြပါနဲ့
ခိုင်းကောင်းရင် ပိုခိုင်းခံရတယ်။

အစွမ်းအစရှိရင်၊ အစွမ်းအစကို
တန်ဖိုးထားနိုင်သူတွေကိုပဲ ထုတ်ပြပါ
နားမလည်သူတွေရှေ့မှာ အတင်းရှင်းပြလည်း
ဘာမှ မထူးပါဘူး နေရာမှန်ကို သိပါစေ။