မေ့နေပြီဖြစ်ကြောင်း ကိုယ့်ကိုကိုယ် လိမ်ညာဖို့ စာအုပ်ကြားထဲက ပန်းအခြောက်လေးတွေကိုစွန့်ပြစ်လိုက်တယ်။
ရာသီဥတုကသာယာနေပေမယ့် ကိုယ့်မျက်ဝန်းထက်ဝယ် ရွာကျတော့မယ်မိုးတိမ်တွေနဲ့။
သီအိုရမ်တွေအကုန်မှားတယ် ယတြာတွေလဲမကယ်နိုင်
မီးရှို့ဖျောက်မရတဲ့အမှတ်တရဆိုတာရှိတယ် အမာရွတ်လိုအမြဲထင်တယ်
ဒီကနေ့ဆက်လွမ်း၍ မနက်ဖြန်မှမေ့ဖို့ကြိုးစားပါတော့မယ်။
ဒီစကားကိုမနက်ဖြန်လဲပြောပေအုံးမယ်။
-အဲလက်စ်