1 w - Translate

ဂျပန်တွင် သောင်တင်ခဲ့သည့် ဝေလငါး လေးကောင်သည် ဆူနာမီလှိုင်းသတိပေးချက်တို့ကို အစပျိုးစေခဲ့သော ငလျင်ကြီးကြောင့် ကမ်းတင်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။

ချီဘာ စီရင်စု၊ တာတဲယာမမြို့၌ ရိုက်ကူးမိသည့် ရုပ်သံအရ ဝေလငါးကြီးများ ပင်လယ်ကမ်းခြေ၌ တကောင်နှင့် တကောင် ပေ အနည်းငယ်ခြားလျက် ရှိနေသည်ကို တွေ့ရသည်။

ဂျပန်နိုင်ငံ၏ ကမ်းခြေဒေသများလည်း ၅ ပေ အမြင့်ရှိ လှိုင်းလုံးများ ရိုက်ခတ်ခြင်းကို ခံရသည် ဆိုသော်လည်း ဝေလငါးများကတော့ ထိုလှိုင်းလုံးများ ရိုက်ခတ်မှုမတိုင်မီက လာပြီးသောင်တင်ခဲ့ပုံ ရသည်။

image