1 w - Translate

ဆိုလာနည်းပညာနဲ့ ၂၀ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး(MOU) လက်မှတ်ရေးထိုး
တနင်္သာရီတိုင်းအစိုးရအဖွဲ့နှင့် Southern Green Power Co.,Ltd တို့ကြား မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာမှာ ဆိုလာနည်းပညာနဲ့ ၂၀ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းအတွက် ဖြစ်မြောက်နိုင်စွမ်းရှိ/မရှိ အကြိုစူးစမ်းလေ့လာမှုလုပ်ငန်းများဆောင်ရွက်ရန် နားလည်မှုမှတ်တမ်း F.S (MOU)လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

အဆိုပါနားလည်မှုမှတ်တမ်း F.S (MOU)လက်မှတ်ရေးထိုးခြင်းကို ဇူလိုင်လ ၂၉ ရက်နံနက် ၁၀ နာရီက ကျင်းပခဲ့ရာ တိုင်းဝန်ကြီးချုပ်ဦးမြတ်ကိုတက်ရောက်၍ တနင်္သာရီတိုင်း‌ဒေသကြီးအနေနဲ့ မဟာဓာတ်အားလိုင်း ရောက်ရှိခြင်းမရှိသေးတာကြောင့် လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။

မြိတ်မြို့မှာ ဆိုလာနည်းပညာနဲ့ ခင်းကျင်းနိုင်ရေး အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကာ မကြာခင်ကာလတွင် ရေနက်ဆိပ်ကမ်းမှာ ၆၆၀ မဂ္ဂဝပ် လျှပ်စစ်ဓာတ် Power Plant ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

ယင်းသို့ ဆောင်ရွက်ထား၍ လျှပ်စစ်ဓာတ်အားထွက်ရှိလာပါက တိုင်းဒေသကြီးသို့ National Grid မရရှိသော်လည်း တိုင်းဒေသကြီး Grid တစ်ခုရရှိပါက ဒေသအတွက် လျှပ်စစ်မီးပြည့်ဝစွာရရှိမည်ဖြစ်၍ လုပ်ငန်းအား ကြိုဆိုပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လိုအပ်သော အကူအညီများဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။

အဲဒီနောက် တနင်္သာရီတိုင်းအစိုးရအဖွဲ့နှင့် Southern Green PowerCo.,Ltd တို့၏တာဝန်ရှိသူများက ဆိုလာနည်းပညာနဲ့ ၂၀ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းအတွက် ဖြစ်မြောက်နိုင်စွမ်းရှိ/မရှိ အကြိုစူးစမ်းလေ့လာမှုလုပ်ငန်းများဆောင်ရွက်ရန် နားလည်မှုမှတ်တမ်းF.S(MOU)ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

image