#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ကမ္ဘာဂြိုဟ်ဥတုသံသရာစက်ဝန်း၌ ရာသီသစ်နှစ်မျိုး ထပ်တိုးလာဟုဆို
ကမ္ဘာဂြိုဟ်၏ နှစ်စဉ် ဥတုသံသရာစက်ဝန်းတွင် မီးခိုးမြူမှုန်ရာသီနှင့် အမှိုက်ရာသီဟူ၍ ရာသီသစ်နှစ်မျိုးတိုးလာကြောင်း သိပ္ပံပညာရှင်များက ဇူလိုင် ၂၉ ရက်တွင် သတိပေးလိုက်သည်။
လူသားတို့၏ ပယောဂကြောင့်ပေါ်ထွက်လာရသည့် အထက်ပါရာသီ သစ်နှစ်မျိုးသည် ယခုအခါ နှစ်စဉ်ပေါ်ထွက်လာတတ်ပြီး ကမ္ဘာပြည်သူများ၏ ကျန်းမာရေးနှင့် ကမ္ဘာပေါ်ရှိဂေဟစနစ်များကို အကြီးအကျယ် ခြိမ်းခြောက်နေပြီဖြစ်ကြောင်း အမေရိကန်သိပ္ပံပညာရှင်များက ပြောကြားသည်။
အသစ်ပေါ်ထွက်လာသည့် ရာသီသစ်နှစ်မျိုးအနက် မီးခိုးမြူမှုန်ရာသီမှာ အရှေ့တောင်အာရှနိုင်ငံများ၌ နှစ်စဉ် ဇွန်လမှစ၍ စက်တင်ဘာလအထိ ဝင်ရောက်တတ်ပြီး အင်ဒိုနီးရှားနှင့်မလေးရှားကဲ့သို့နိုင်ငံများ၌ စိုက်ပျိုးမြေဖော်ထုတ်ရေးအတွက် တောမီးရှို့ရာမှတစ်ဆင့်ပေါ်ထွက်လာသော ရာသီသစ်ဖြစ်သည်။
မီးခိုးမြူမှုန်ရာသီဥတုသစ်သည်အမေရိကန်ပြည်ထောင်စု၌ တောမီးရာသီများတွင်လည်း ကျရောက်လာတတ်ကြောင်း သိပ္ပံပညာရှင်များက ပြောကြားသည်။
ထိုနည်းတူ ပြင်းထန်သည့် မုတ်သုံလေစီးကြောင်းများကြောင့် သမုဒ္ဒရာ ရေပြင်အတွင်းရှိပလတ်စတစ်အမှိုက်များ ကမ်းတင်မှုရာသီသည်လည်း အင်ဒို နီးရှားနိုင်ငံ၊ အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ကမ်းရိုးတန်းစသည့် နေရာများ၌ မုတ်သုံရာသီကာလများတွင် ပေါ်ထွက်လာတက်ကြောင်း သိပ္ပံပညာရှင်များကပြောကြားသည်။
ရိုက်တာ
