မကြေနပ်တဲ့စိတ်တွေဟာ အစိုင်အခဲကြီး မဟုတ်ဘူးလေ။ မကြေနပ်တဲ့ အတုံးအခဲကြီး မရှိဘူးလေ။ အချိန်တိုင်း စက္ကန့်တိုင်း တစ်ဝေါဝေါ ပျက်စီးနေတာ။ မကြေနပ်တဲ့စိတ်တွေလည်း အမှုန်အမွှားပဲ အမှုန်အမွှားပဲလေ။
အချိန်တိုင်း စက္ကန့်တိုင်း ကုဋေပေါင်းများစွာ ကုဋေပေါင်းများစွာ ပျက်စီးနေတယ်လေ။ တကယ့်ကို မရှိတဲ့အချိန်ကလေးမှာကို ပျက်စီးနေတယ်လေ။
အသစ်အသစ်သော ကံတွေက ဟောဒီ မကြေနပ်တဲ့ နာမ်တွေ ပြန် ပြန် ဖြစ်လာလို့။ ဥပါဒါန်ကလည်း မခွါနိုင်ဘူးလေ။ ဒီနေ့လည်း မကြေနပ်နိုင်ဘူး။ မနက်ဖြန်လည်း မကြေနပ်နိုင်ဘူး။ နောက်တစ်လလည်း မကြေနပ်နိုင်ဘူးနောက်တစ်နှစ်ကြာတဲ့အခါမှာလည်း တွေးတိုင်း တွေးတိုင်း အံကြိတ်ရတုန်း။
ဘာ့ကြောင့်လဲ မကြေနပ်တဲ့စိတ်တွေကို အစိုင်အခဲကြီး ထင်လို့။ အတုံးအခဲကြီး ထင်လို့။ တရားမရှိတဲ့ပုဂ္ဂိုလ်တွေ တရားမသိတဲ့ပုဂ္ဂိုလ်တွေ ဖြစ်ကြောတွေ ရှည်နေကြတာ။
မကြေနပ်တဲ့ စိတ်တွေလည်း အစိုင်အခဲကြီး မဟုတ်ဘူးလေ။ အမှုန်အမွှားတွေ။ အမှုန်အမွှားပဲ အမှုန်အမွှားပဲလေ။ မကြေနပ်တဲ့ အတုံးအခဲကြီး မရှိဘူးလေ။ တစ်ဝေါဝေါ ပျက်စီးနေတာ။
တကယ့်ကို မရှိတဲ့ အချိန်ကလေးမှာကို နှင်းမုန်တိုင်းများ တိုက်ခတ်နေသလို တသုန်သုန် တဝေါဝေါ ကုဋေပေါင်းများစွာ ကုဋေပေါင်းများစွာ ပျက်စီးနေတာလေ။
မကြေနပ်တဲ့စိတ်တွေ၊ ငြူစူတဲ့စိတ်တွေ၊ ဝန်တိုနေတဲ့စိတ်တွေ၊ ပူပန်နေတဲ့စိတ်တွေ၊ သောကစိတ်တွေ၊ ဒေါသစိတ်တွေ၊ လောဘစိတ်တွေ။ အဲဒီ စိတ်တွေ အခု ဖြစ်မနေပေမည့်လည်း ရှိတယ်နော် ရှိနေတယ်နော်။
အဲဒီစိတ်တွေကို ထပ်ခါ ထပ်ခါ ထပ်ခါ ဖော်ပြီးတော့ ပျက်စီးနေတယ် စွဲလမ်းစရာ မဟုတ်ဘူး။ ငါမရှိဘူး ငါ မပိုင်ဘူး။ သံယောဇဉ်ထားစရာ မလိုဘူး။ စုံမက်စရာမလိုဘူး။ ဝဋ်ကြွေးတွေ။
အဲဒီလို ပွားများပါ များတော့ အဲဒီစိတ်တွေဟာ တကယ် မရှိဘူးဆိုတာ နားလည်လာတယ်။ ဒီစိတ်တွေက လွတ်မြောက်လာတယ်။ ဒီ ဥပါဒ်ဒါန်တွေက ငြိမ်းချမ်းလာတယ်။
ဒါကြောင့် ထပ်ခါထပ်ခါ နေစဉ်တိုင်း နေစဉ်တိုင်းမှာ ဒို့များက ယုံယုံကြည်ကြည်နဲ့ ပွားများရတာပါ။ စိတ်နဲ့အခါခါ ရွတ်ရတာပါ။
📌 ဆရာတော်အရှင်ပုညသေဋ္ဌ
Credit - Maw Ba Than
#ဓမ္မအသိဖြင့်အကျိုးရှိရှိနေမည်
